The use of Tenses (၉)
(9) Simple Future Tense (will + V1)
*** အနာဂတ်တွင် ဖြစ်ပျက်ပြုလုပ်မည့် အကြောင်းအရာကို ကြိုတင်ပြောချင်သည့်အခါ သုံးသည်။
***
ဘာလုပ်မယ်လို့ ဆုံးဖြတ်ချက်ချတဲ့အခါ၊ ကတိနှင့်ကမ်းလှမ်းတဲ့အခါ၊ ကြိုတင်ခန့်မှန်းတဲ့အခါ
***
will အစား (can, could, will, would, should, must) တို့ကို သင့်သလို သုံးနိုင်သည်။
*** next, coming, tomorrow, … တို့နှင့် တွဲသုံးလေ့
ရှိသည်။
***
နီးကပ်သည့် အနာဂတ်ကာလ (မနက်ဖြန် / သန်ဘက်ခါ) အတွက် going to ကို သုံးသည်။
***
will နောက်တွင် V1 လိုက်သည်။
***
Future Tense တွင် will သည် အကူကြိယာ (H.V) ဖြစ်ပြီးသား ဖြစ်သဖြင့် နောက်ကလိုက်ရမည့်
(V1) အစားထိုးရမည့် ကြိယာများသည် (Be, do, have) သာလျှင် ဖြစ်သည်။
Subject + will + V1
Eg:
(1) I will come to you coming Sunday. (ကျွန်တော်
လာမယ့် တနင်္ဂနွေနေ့ ခင်ဗျားဆီ လာခဲ့မယ်။)
(2)
We will be doctors next year. (နောက်နှစ်ဆို
ကျွန်တော်တို့ ဆရာဝန်တွေ ဖြစ်ကြပြီ။)
(3)
I will marry her. (သူမကို ကျွန်တော် လက်ထပ်မှာ။)
(4)
I am going to Pyin Oo Lwin tomorrow. (မနက်ဖြန်
ကျွန်တော် ပြင်ဦးလွင် သွားမယ်။)
(5)
It is going to rain soon. (မကြာမီ မိုးရွာတော့မှာ။)
(6)
These words must be learnt by heart. (သည်စကားလုံးတွေက
နှလုံးသားကို ထိရှပါလိမ့်မယ်။)
(7)
You can have a cup of coffee. (ကော်ဖီတစ်ခွက်တော့
သောက်နိုင်ပါလိမ့်မယ်။)
(8)
Thuta will eat ice-cream. (သုတ ရေခဲမုန့် စားလိမ့်မယ်။)
*** will have = စားလိမ့်မယ်
(9)
I will love you forever. (ငါမင်းကို အမြဲတမ်း
ချစ်သွားမှာပါ။)
(10)
In the years 2050, I will be richman. (သက္ကရာဇ်
၂၀၅၀ ရောက်ရင် ငါ သူဌေးကြီးတစ်ယောက် ဖြစ်နေပြီ။)
(11)
Look at the sky. I think It will be rain
soon. (မိုးကောင်းကင်ကြီး ကြည့်လိုက်စမ်းပါ။ မကြာခင် မိုးရွာလိမ့်မယ် ထင်တယ်။)
(12)
You will get a lot of money in a few weeks.
(ရက်သတ္တပတ် အနည်းငယ်အတွင်း မင်းငွေအများကြီး ဝင်လိမ့်မယ်။)
(13)
Everything will be prefect. (အစစ အရာရာ အဆင်ပြေသွားပါလိမ့်မယ်။)
(14)
They will travel around the world. (သူတို့ ကမ္ဘာအနှံ့
ခြေဆန့်ကြလိမ့်မယ်။)
(15)
You will see many wonderful things? (မင်း ထူးထူးဆန်းဆန်းတွေ
အများကြီး တွေ့ရ လိမ့်မယ်။)
(16)
He will watch Fast X with you on Sunday. (သူ
တနင်္ဂနွေနေ့မှာ မင်းနဲ့ Fast X ရုပ်ရှင် ကြည့်လိမ့်မယ်။)
(17)
Thuta will play Karate with his friends at
the weekend. (သုတက သူ့သူငယ်ချင်းတွေနဲ့ စနေ၊ တနင်္ဂနွေမှာ ကရာတေး ကစားလိမ့်မယ်။)
(18)
Your children will be the future of this
country. (မင်းတို့ရဲ့ ကလေးတွေဟာ ဒီတိုင်းပြည်ရဲ့ အနာဂတ်တွေပါပဲ။)
(19) I will miss
you when you move to another country. (မင်း တခြားတိုင်းပြည် ပြောင်းသွား ခဲ့ရင် ငါ
မင်းကို လွမ်းနေမှာ။)
(20)
I will be fourty two years old in June. (ဇွန်လထဲမှာ
ကျွန်တော့်အသက် ၄၂ နှစ်ပြည့်ပြီ။)
(21) She will stay at home at the weekend. (သူမ စနေ၊ တနင်္ဂနွေကျရင်
အိမ်မှာရှိလိမ့်မယ်။)
(22) The sun will rise at 6. (၆ နာရီထိုးရင် နေထွက်လာလိမ့်မယ်။)
(23) I will going to buy a new bike tomorrow. (ကျွန်တော်
မနက်ဖြန်ကျရင် ဆိုင်ကယ် အသစ်တစ်စီး ဝယ်လိမ့်မယ်။)
(24) Markets will be closed tomorrow. (ဈေးတွေ မနက်ဖြန် ပိတ်ကြလိမ့်မယ်။)
(25) I will read the book when I go to bed. (အိပ်ယာဝင်တဲ့အခါ
ကျွန်တော် စာအုပ်ကို ဖတ်ပါလိမ့် မယ်။)
(26) Don’t worry! We won’t leave you alone when you arrive here. (စိတ်မပူပါနဲ့။
မင်း ဒီကိုရောက်လာရင် တစ်ယောက်တည်း ပစ်ထားလိမ့်မယ် မဟုတ်ပါဘူး။)
(27) I will not go out this evening. (ဒီညနေ ကျွန်တော်အပြင်ထွက်ဖြစ်လိမ့်မယ်
မဟုတ်ဘူး။)
(28) We won’t be able to eat all this. (ကျွန်တော်တို့ ဒါတွေအားလုံးကို
စားနိုင်လိမ့်မယ် မဟုတ်ဘူး။)
(29) She will tell you something. (သူမ မင်းကို တစ်ခုခု ပြောပါလိမ့်မယ်။)
(30) It will rain, I can understand it from the dark
clouds. (တိမ်မဲညိုတွေကြည့်ပြီး ကျွန်တော်နားလည်ခဲ့တယ်၊ မိုးရွာလိမ့်မယ်ဗျ။)
ထူးအောင်ဝင့်
Comments
Post a Comment