The use of Tenses (၆)
(6) Past Continuous Tense (was, were + V-ing)
***
အတိတ်တစ်ချိန်မှာ တစ်စုံတစ်ခု ပြုလုပ်နေဆဲ၊ ပြုလုပ်နေတုန်း၊ ဖြစ်ပျက်နေဆဲ၊ ဖြစ်ပျက်နေတုန်းတန်းလန်းဆိုတာကို
ပြောချင်လျှင် (Past Continuous Tense) ကို သုံးသည်။
*** တစ်ခုခု ဖြစ်ပျက်နေတုန်း နောက်တစ်ခု ဖြစ်ပျက်တာကို ပြောချင်လျှင် ဖြစ်ပျက်နေတုန်း ကြိယာကို (Past Continuous Tense) သုံးပြီး နောက်ဖြစ်တာကို (Simple Past Tense) သုံးရသည်။
***
တစ်ခါတရံ နှစ်ခုစလုံး တစ်ပြိုင်တည်း ဖြစ်နေဆဲ ရှိတတ်သည့်အခါ နှစ်ခုစလုံးကို (Past
Continuous Tense) သုံးသည်။
***
Before, when တို့နောက်တွင် အများအားဖြင့် (V2) လိုက်သည်။ While နောက်တွင်
(V-ing) လိုက်သည်။
Subject + was, were + V-ing
Eg:
(1) When the telephone rang, I was taking a bath. (တယ်လီဖုန်းမြည်လာတော့ ကျွန်တော်ရေချိုးနေတယ်။)
(2)
I was reading a magazine when the lights went out. (ကျွန်တော် မဂ္ဂဇင်းစာအုပ် ဖတ်နေတုန်း
မီးပျက်သွားတယ်။)
(3)
When Kaung Zayar Linn was doing his
homework, Kaung Thuta was watching
television. (ကောင်းဇေယျာလင်း အိမ်စာအုပ်နေတုန်း ကောင်းသုတက တီဗီကြည့်နေတယ်။)
(4)
This time last year I was living in Pyin Oo
Lwin. (မနှစ်က ဒီအချိန် ကျွန်တော် ပြင်ဦးလွင်မှာ နေတာပါ။)
(5)
I was cycling along the Jetty when I saw Ko Thant. (ကျွန်တော် သင်္ဘောဆိပ်/ ကမ်းနား တစ်လျှောက်
စက်ဘီးစီးနေတုန်း ကိုသန့်နဲ့ တွေ့တယ်။)
(6)
We were having dinner when Pyi Soe arrived.
(ပြည်စိုးရောက်လာတော့ ကျွန်တော်တို့ ညစာစားပြီးနေပြီ။)
(7)
My father was meditating when the phone rang. (ကျွန်တော့်အဖေ တရားထိုင်နေတုန်း ဖုန်းမြည်လာခဲ့တယ်။)
(8)
My mother burnt her hand when she was cooking the dinner. (ကျွန်တော့်အမေ ညစာချက်နေတုန်း
လက်အပူလောင်သွားခဲ့တယ်။)
(9)
I was playing chess when you called me. (ကျွန်တော် စစ်တုရင်ကစားနေတုန်း မင်းဖုန်းခေါ်ခဲ့တာပဲ။)
(10)
The power went out while they were watching TV. (သူတို့ တီဗီကြည့်နေတုန်း မီးပျက်သွားခဲ့တယ်။)
(11)
It was eight o’clock, Thuta was getting ready for school. (ရှစ်နာရီထိုးတော့
သုတက ကျောင်းသွားဖို့ အသင့်ဖြစ်နေပြီ။)
(12)
He was minding his own business. (သူက သူ့အလုပ်
သူလုပ်နေခဲ့တာပါ။)
***
Mind your own business = ကိုယ့်အလုပ် ကိုယ်လုပ်ပါ
(13)
What were you doing before I came back? (ကျွန်တော်ပြန်မလာခင်
ခင်ဗျား ဘာတွေလုပ် နေခဲ့တာလဲ။)
(14)
Power cut occurred while I was using the computer. (ကျွန်တော်လည်း ကွန်ပြူတာ
သုံးရော မီးလည်း ပျက်ကရောပဲ။)
(15)
While my grandmother was sleeping yesterday
noon, someone shout loudly. (မနေ့ နေ့လည်က ကျွန်တော့်အဖွားလည်း
အိပ်ကရော၊ တစ်ယောက်ယောက်က အသံကျယ်ကြီးနဲ့ အော်လိုက်ရော။) *** Shout (V2)
(16)
My mother was eating tealeaf-salad while
she was watching Korean movie. (ကျွန်တော့်အမေက
ကိုရီးယားကား ကြည့်နေတုန်း လက်ဖက်သုပ်တွေ စားနေခဲ့တယ်။)
***
တပြိုင်ထဲ ပြုလုပ်တာ
(17)
They were eating dinner and discussing their plans. (သူတို့ ညစာစားရင်း သူတို့အစီအစဉ်တွေကိုလည်း
ဆွေးနွေးခဲ့ကြတယ်။)
(18)
I was wondering if you could pick me up at the airport. (ကျွန်တော့်ကို လေဆိပ် လာကြိုပေးနိုင်မလားလို့
သိချင်မိပါတယ်။) ***
ယဉ်ကျေးတဲ့ အသုံးအနှုန်း
(19)
We were sleeping when the light went out. (မီးပျက်သွားတော့ ကျွန်တော်တို့အားလုံး
အိပ်ပျော်နေကြပြီ။)
(20)
While Presendent was speeching, somebody threw a shoe at him. (သမ္မတကြီး မိန့်ခွန်းပြောနေတုန်း
တစ်ယောက်ယောက်က ဖိနပ်တစ်ဖက်နဲ့ သူ့ကိုပစ်ပေါက်လိုက်တယ်။)
(21)
While we were reading, my mon was preparing dinner. (ကျွန်တော်တို့ စာကျက်နေတုန်း
အမေက ညစာပြင်နေခဲ့တယ်။)
(22)
While we were eating, the music was playing. (ကျွန်တော်တို့ စားသောက်နေတုန်း သီချင်းကလည်း
ဖွင့်ထားတယ်။)
(23)
While she was dancing, I were watching her. (သူမ ကနေတုန်း ကျွန်တော် သူမကို
ကြည့်နေခဲ့တယ်။)
(24)
She was taking pictures while her father was driving. (သူမအဖေ ကားမောင်းနေတုန်း သူမက ဓာတ်ပုံတွေ
ရိုက်နေခဲ့တယ်။)
(25)
He was not doing homework when his dad came home. (သူ့အဖေ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ
အိမ်စာတွေ လုပ်မနေပါဘူး။)
(26)
My dad was watching movie while my mom was
sleeping. (ကျွန်တော့်အမေ အိပ်နေချိန်မှာ အဖေက ရုပ်ရှင်ကြည့်နေခဲ့တယ်။)
(27)
Someone was stealing his bike while Ko Kaung
was shopping. (ကိုကောင်း ဈေးဝယ်နေတုန်း တစ်စုံတစ်ယောက်က
သူ့စက်ဘီးကို ခိုးသွားတယ်။)
(28)
Kaung Zayar linn was cleaning his room
while Kaung Thuta was helping his mother. (ကောင်းသုတက
သူ့အမေကို ကူညီနေချိန်မှာ ကောင်းဇေယျာလင်းက သူ့အခန်းကို ရှင်းနေခဲ့တယ်။)
(29)
Last night, the two brothers were not staying
at home. (မနေ့ညက ညီအစ်ကိုနှစ်ယောက် အိမ်မှာ မနေခဲ့ကြဘူး။)
(30)
It was not raining when the football started. (ဘော်လုံးပွဲစတော့ မိုးရွာမနေခဲ့ပါဘူး။)
ထူးအောင်ဝင့်
Comments
Post a Comment