The use of Tenses (၁)
The use of Tenses
(1)
Simple Present Tense (V1 , V1(s/es))
*** ထာဝရ အမှန်တရား၊ အကျင့်စရိုက်၊ အလေ့အထ၊ အချိန်ဇယားနှင့် စီစဉ်ထားသည်များ၊ ဓလေ့ထုံးစံ၊ လက်ရှိဖြစ်ရပ် အခြေအနေတို့ကို ဖော်ပြရာတွင် သုံးသည်။ အမိန့်ပေး၊ ညွှန်ကြား၊ တောင်းပန်၊ စေခိုင်းရာတွင်လည်း သုံးသည်။
***
ဖြစ်ရပ်တစ်ခုကို ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါလုပ်တယ်ဆိုတာကို ဖော်ပြချင်လျှင် သုံးသည်။
*** (I, We, You, They) နှင့်
တစ်ခု၊ တစ်ကောင်၊ တစ်ယောက်ထက်ပိုသည့် Subject တွေဆိုလျှင် (Infinitive) သုံးရမည်။
*** (He, She, It) နှင့် တစ်ခု၊
တစ်ကောင်၊ တစ်ယောက် Subject တွေဆိုလျှင် (s, es, ies) သုံးရမည်။
*** (I promise, I
apologise, I suggest, I advise, I insist (အတင်း တောင်းဆိုပါတယ်), I agree, I
refuse (ငါ ငြင်းဆိုပါတယ်), I recommend) အစချီသော စကားများပြောရာတွင် Simple Present Tense (V1 , V1(s/es))
ကို သုံးရသည်။
***
always, usually, often, sometimes, almost, never, generally, habitually,
occasionally, every + time word, one, twice, etc … များနှင့် တွဲသုံးလေ့ရှိသည်။
Subject + V1 , V1(s/es)
Eg:
Kaung Thuta eats ice-cream very often. (ကောင်းသုတက မကြာခဏကို ရေခဲမုန့်စား
တယ်။)
(2)
Pyi Soe Min and Thiri are siblings. (ပြည်စိုးမင်းနဲ့
သီရိက မောင်နှမတွေ။)
(3)
They live in Monywa. (သူတို့ မုံရွာမှာ နေကြတယ်။)
(4) My mother washes
my clothes. (ငါ့အမေက ငါ့အဝတ်အစားတွေ လျှော်ပေးတယ်။)
(5) The earth goes round
the sun. (ကမ္ဘာက နေကို လှည့်ပတ်နေတယ်။)
(6) U Zayar Kyaw smokes
twenty cigarettes a day. (ဦးဇေယျာကျော်က တစ်နေ့ကို စီးကရက် အလိပ်(၂၀)/ တစ်ဗူး သောက်တယ်။)
(7) My father is
an Author. (ငါ့အဖေက စာရေးဆရာတစ်ယောက်ပါ။)
(8) Study your
lessons regularly. (ကျောင်းစာတွေကို ပုံမှန်လေ့ကျက်သင့်တယ်။) ***
ညွှန်ကြား
(9) Please swith on
the light. (ကျေးဇူးပြု၍ မီးပိတ်ပေးပါ။) *** ခိုင်းစေ
(10) Don’t make
a noise. (မဆူပါနဲ့။) *** အမိန့်ပေး
(11) Nurses look
after patients in hospitals. (ဆေးရုံမှာ သူနာပြုတွေက လူနာတွေကို စောင့်ရှောက်တယ်။)
(12) He doesn’t do
anything to help me. (သူ ငါ့ကို ကူညီဖို့ ဘာမှမလုပ်ဘူး။) ***
doesn’t နောက်က do က (Main Verb) ဖြစ်ပါတယ်။
(13) I promise I won’t be late. (နောက်မကျဖို့ ငါ ကတိပေးပါတယ်။)
***
I’m promising မဟုတ်ပါ။
(14) I suggest that you exercise daily. (မင်း နေ့တိုင်း
လေ့ကျင့်ခန်းလုပ်ဖို့ ငါ အကြံပြုပါတယ်။) *** I’m suggesting မဟုတ်ပါ။
(15) I apologise for being so rude. (ဒီလောက်တောင် ရိုင်းပျမိလို့
ငါ တောင်းပန်ပါတယ်။) *** I’m apologising မဟုတ်ပါ။
(16) Elite(Monywa-Mandalay) arrives at 7 o’clock. (မုံရွာ-မန္တလေး
အီလစ်ကားဟာ ခုနစ်နာရီမှာ ရောက်တယ်။)
(17) We have training on Monday to Saturday. (တနင်္လာကနေ
စနေ အထိ ငါတို့ သင်တန်းရှိ တယ်။)
(18) Sai Sai Khem Hlaing is a famous singer. (စိုင်းစိုင်းခမ်းလှိုင်သည်
ကျော်ကြားသော အဆိုတော်တစ်ယောက် ဖြစ်သည်။)
(19) U Zayar Kyaw and Daw Khin Myat New are husband
and wife. (ဦးဇေယျာကျော်နဲ့ ဒေါ်ခင်မြတ်နွယ်သည် လင်မယားဖြစ်သည်။)
(20) I have a betel car. (ကျွန်တော့်မှာ ဘီတယ်ကားတစ်စီး
ရှိတယ်။)
(21)
I want something to eat. (ငါ တစ်ခုခု စားချင်တယ်။)
*** I am wanting ဟု မသုံးရပါ။
(22)
Do you understand what I mean? (ငါ ဆိုလိုတာ
မင်းနားလည်တယ် မဟုတ်လား။) ***
Are you understanding what I meaning. ဟု မသုံးရပါ။
(23)
We have a nice room in the hotel. (ဟိုတယ်မှာ
အခန်းကောင်းတစ်ခုရထား (ပိုင်ဆိုင်ထား)တယ်လေ။ ***
We are having ဟု မသုံးရပါ။
(24)
Do you see that man over there? (ဟိုနားက လူကို မင်းမြင်လား။) *** Are you seeing ဟု မသုံးရပါ။
(25)
This room smells. Let’s open the window. (ဒီအခန်း အနံ့ရတယ်/ နံတယ်။ တံခါးဖွင့်ရအောင်။)
*** This room is
smelling. ဟု မသုံးရပါ။
(26)
I never use monosodium glutamate. (ကျွန်တော် ဟင်းချိုမှုန့် ဘယ်တော့မှ မသုံးဘူး။)
*** လက်ရှိကာလတွင် ပြုလုပ်နေသော အရာများကို ဖော်ပြရာတွင်
မသုံးရ။
*** သေဆုံးသွားပြီးသည့် လူများအကြောင်း ပြောရာတွင်
မသုံးရ။
ထူးအောင်ဝင့်
Comments
Post a Comment