The use of Tenses (၄)

(4) Present Perfect Continuous Tense (has, have + been + V-ing)

*** အချိန်ကို အဓိကထားပြီးပြောလိုလျှင် Present Perfect Continuous Tense ကို သုံးသည်။

*** အတိတ်မှစ၍ ယခုအချိန်အထိ မပြီးသေးဘဲ ဆက်လက်လုပ်ကိုင် ဖြစ်ပျက်မည်ကို ဖော်ပြရာတွင် သုံးသည်။

*** ပြောနေသည့်အချိန်တွင် ပြီးပြတ်သွားသော်လည်း တော်တော်ကြာအောင် လုပ်ခဲ့ရကြောင်း ပေါ်လွင်စေချင်သည့်အခါ သုံးသည်။

*** နီးကပ်သည့် အတိတ်ကာလတွင် ပြီးခဲ့ပြီဖြစ်သော်လည်း အချိန်ကာလတစ်ခုအထိ ဖြစ်ပျက်ခဲ့ ကြောင်း အထောက်အထားအဖြစ် ကျန်ခဲ့သည့် အရာတို့ကို ပြောလိုရာတွင် သုံးသည်။

*** ယာယီ အလေ့အထ၊ အမူအကျင့်များကို ပြောလိုရာတွင် သုံးသည်။

*** all day, the whole day, all the morning, the whole morning (evening, night), since, for … စသည့် စကားလုံးများနှင့် တွဲလေ့ရှိသည်။ Passive Voice မရှိပါ။

  Subject + has/ have + been + V-ing

 

Eg: (1) I have been living in Monywa for many years. (ကျွန်တော် မုံရွာမှာနေလာတာ နှစ်အများကြီး ကြာပြီ။)

(2) The boys have been swimming in the stream since I came here. (ကျွန်တော် ဒီကို ရောက်နေကတည်းက ယောက်ျားလေးတွေ ရေကူးနေကြတာ။) *** အခုလည်း ကူးတုန်း၊ ဆက်ကူး ဦးမှာ

(3) Kaung Thuta has been playing game since 6 o’clock. (ကောင်းသုတ ဂိမ်းကစားနေတာ ၆ နာရီ ကတည်းက။)

(4) I have been living in Monywa for fourty years. (ကျွန်တော် မုံရွာမှာ နေလာတာ အနှစ် (၄၀)ရှိပြီ။)

I have not been living in Monywa for long. (ကျွန်တော် မုံရွာမှာ အကြာကြီး မနေဖူးပါဘူး။)

Have you been living in Monywa for long? (မင်း မုံရွာမှာ နေလာတာ ကြာပြီလား။)

How many years have you been living in Monywa?

(5) It has been raining all morning. (မိုးရွာနေတာ တမနက်ခင်းလုံးပဲ။)

Has it been raining all morning? (တမနက်ခင်းလုံး မိုးရွာနေတာလား။)

(6) I have been studying English for twenty years. (ကျွန်တော် အင်္ဂလိပ်စာ သင်ယူနေတာ နှစ်(၂၀) ရှိပြီ။)

How long have you been studying English? (မင်း အင်္ဂလိပ်စာ သင်ယူနေတာ ဘယ်လောက် ကြာပြီလဲ။) *** သေချာမသိလို့ မေးရင် How long နဲ့ မေးရတယ်။

(7) My son has been working in Japan for five years. (ကျွန်တော့်သား ဂျပန်မှာ အလုပ်လုပ် နေတာ ငါးနှစ်ရှိပြီ။)

(8) I have not been doing exercises these days. (haven’t) (ကျွန်တော် အခုတလော လေ့ကျင့်ခန်း မလုပ်ဖြစ်ဘူး။)

(9) Kaung Zayar Linn has been studying for the exam. (ကောင်းဇေယျာလင်းက စာမေးပွဲအတွက် စာကျက်နေတယ်။) *** အငြင်းဆို has not been/ hasn’t been

(10) Kaung Thuta has been reading English vocabulary for two hours. (ကောင်းသုတ အင်္ဂလိပ် ဝေါဟာရ ကျက်နေတာ နှစ်နာရီ ရှိပြီ။)

Kaung Thuta has not been reading English vocabulary for three hours. (ကောင်းသုတ အင်္ဂလိပ်စာ ဝေါဟာရကို သုံးနာရီ မကျက်ပါဘူး။)

How many hours has Kaung Thuta been reading English vocabulary? (ကောင်းသုတ အင်္ဂလိပ်ဝေါဟာရ ကျက်နေတာ ဘယ်နှစ်နာရီ ရှိပြီလဲ။)

What has Kaung Thuta been reading? (ကောင်းသုတက ဘာတွေကျက်နေတာလဲ။)

(11) I have been sharing hotel knowledge on Facebook for six years. (ကျွန်တော် ဟိုတယ်ဗဟုသုတတွေကို Facebook မှာ ဝေမျှပေးနေတာ ၆ နှစ် ရှိပြီ။)

I have been sharing hotel knowledge on Facebook since 2017. (ကျွန်တော် ဟိုတယ်ဗဟုသုတ တွေကို Facebook မှာ ဝေမျှပေးနေတာ ၂၀၁၇ ကတည်းကပါ။)

Have you been sharing hotel knowledge on Facebook? (မင်း Facebook မှာ ဟိုတယ်ဗဟုသုတ တွေ Sharing လုပ်နေတာလား။)

How long have you been sharing hotel knowledge on Facebook? (မင်း Facebook မှာ ဟိုတယ်ဗဟုသုတတွေ Sharing လုပ်နေတာ ဘယ်လောက်ကြာပြီလဲ။)

What have you been sharing on Facebook? (Facebook မှာ မင်း ဘာတွေကို Sharing လုပ်နေတာလဲ။)

(12) My grandfather has been waiting for the air-bus. (ကျွန်တော့်အဖိုးက လေယာဉ်ပျံ စောင့်နေတာ။) *** မလာသေး၊ အခုထိ စောင့်နေတုန်း

How long has your grandfather been waiting for the air-bus. (မင်းအဖိုး လေယာဉ်စောင့်တာ ဘယ်လောက်ကြာပြီလဲ။) *** ယေဘူယျ မေး

How many hours has your grandfather been waiting for the air-bus. (မင်းအဖိုး လေယာဉ်စောင့်နေတာ ဘယ်နှစ်နာရီ ရှိပြီလဲ။) *** အတိအကျ မေး

(13) My parents have been discussing the matter since this morning. (ကျွန်တော့်မိဘတွေ အဲဒီကိစ္စကို ဆွေးနွေးနေကြတာ မနက်ကတည်းကပဲ။) *** ခုထိ ဆွေးနွေးတုန်း

(14) Our relatives have been visiting us since for one week. (ကျွန်တော်တို့ အမျိုးတွေ အလည်ရောက်နေတာ တစ်ပတ်ရှိပြီ။) *** အခုထိ မပြန်သေးဘူး၊ ဆက်နေဦးမှာ

Some of our relatives = ဆွေမျိုးတချို့

(15) My boss has been working on the project for months. (ကျွန်တော့်သူဌေး အဲဒီပရောဂျက် ကို လုပ်နေတာ လပေါင်းများစွာကြာပြီ။) *** အခုထိ လုပ်နေတုန်း၊ ဆက်လုပ်ဦးမှာ

(16) We have been redecorating our house. (ကျွန်တော်တို့က အိမ်ကို ပြန်ပြီးပြုပြင်နေကြတာ။)

(17) My classmates have been doing their homework for hours. (ကျွန်တော့်အတန်းဖော်တွေ သူတို့အိမ်စာလုပ်နေကြတာ နာရီအများကြီး ကြာပေါ့။)

(18) One of my pupuil has been preparing for the exam since six months ago. (ကျွန်တော့် တပည့်တွေထဲက တစ်ယောက်ကတော့ အဲဒီစာမေးပွဲအတွက် လွန်ခဲ့တဲ့ ၆ လလောက် ကတည်းက ပြင်ဆင်နေတာ။) *** ခုထိလည်း ပြင်ဆင်နေတုန်း

(19) I have been studying these days. (ကျွန်တော် အခုတလော စာကျက်ဖြစ်ပါတယ်။)

I haven’t been studying these days. (ကျွန်တော် အခုတလော စာမကျက်ဖြစ်ဘူး။)

 

These days

Recently                  ဒီတလော၊ အခုတလော

lately

(20) My brother has been cleaning in his room. (ကျွန်တော့် အစ်ကိုက သူ့အခန်းကို ရှင်းလင်းထားတယ်။)

My brother has’n been cleaning in his room. (ကျွန်တော့် အစ်ကိုက သူ့အခန်းကို ရှင်းမထားဘူး။)

Has your brother been cleaning in his room? (မင်းအစ်ကိုက သူ့အခန်းကို သန့်ရှင်းနေတာလား။)

(21) I have been going out with Wutt Hmone Shwe Yee. (ကျွန်တော် ဝတ်မှုန်ရွှေရည်နဲ့ တွဲနေတယ်။)

I haven’t been going out with Wutt Hmone Shwe Yee. (ကျွန်တော် ဝတ်မှုန်ရွှေရည်နဲ့ မတွဲပါဘူး။)

Have you been gong out with Wutt Hmone Shwe Yee. (မင်း ဝတ်မှုန်ရွှေရည်နဲ့ တွဲနေတာလား။)

Have you been dating Wutt Hmone Shwe Yee. (မင်း ဝတ်မှုန်ရွှေရည်နဲ့ တွဲနေတာလား။)

How long have you been going out with Wutt Hmone Shwe Yee. (မင်း ဝတ်မှုန်ရွှေရည်နဲ့ တွဲနေတာ ဘယ်လောက်ကြာပြီလဲ။)

How long have you been dating Wutt Hmone Shwe Yee. (မင်း ဝတ်မှုန်ရွှေရည်နဲ့ တွဲနေတာ ဘယ်လောက်ကြာပြီလဲ။)

Who have you been dating these days? (မင်း အခုတလော ဘယ်သူနဲ့ တွဲနေတာလဲ။)

Go out with = date (တွဲသည်။ သမီးရည်းစား ဖြစ်သည်။)

 *** ယေဘူယျ မေးရင် (How long) ၊ အတိအကျ မေးရင် (How many)

 

(22) I have been walking exercise all morning. (ကျွန်တော် တမနက်ခင်းလုံး လမ်းလျှောက် လေ့ကျင့်ခန်း လုပ်နေတာ။)

 Have you been walking exercise all morning? You look tired. (တမနက်ခင်းလုံး လမ်းလျှောက် လေ့ကျင့်ခန်း လုပ်နေတာလား။ မင်းကြည့်ရတာ ပင်ပန်းနေပုံပဲ။)

Why are you tired? Have you been walking exercise? (ဘာ့ကြောင့် ပင်ပန်းနေတာလဲ။ မင်း လမ်းလျှောက်လေ့ကျင့်ခန်း လုပ်လာတာလား။) *** အဲဒီအချိန်တွင် သူ လေ့ကျင့်ခန်း လုပ်မနေတော့

(23) The kitchen is mess. Have you been cooking? (မီးဖိုချောင်က ရှုပ်ပွနေတာပဲ။ မင်း ချက်ပြုတ်နေခဲ့တာလား။)

(24) What happened to your hands? They are filthy. (မင်းလက်တွေက ဘာဖြစ်ထားတာလဲ။ ညစ်ပတ်နေတာပဲ။)

I have been fixing my bike. (ကျွန်တော် စက်ဘီးပြင်နေခဲ့တာပါ။) *** အခု ပြင်မနေပေမယ့် အတိတ်က ပြင်ခဲ့လို့ လက်ညစ်ပတ်နေတာ

(25) You look tired? (မင်းကြည့်ရတာ ပင်ပန်းနေသလိုပဲ။)

I have been working too much this week. (ဒီတစ်ပတ် အလုပ်တွေ ကြုံးရုန်းလုပ်နေခဲ့တာလေ။)

(26) You have been smoking a lot these days. (မင်း အခုတလော ဆေးလိပ်တွေ သိပ်သောက် နေပါလား။)

(27) I have been sleeping badly these days.(ကျွန်တော် အခုတလော ကောင်းကောင်းအိပ်မပျော် ဘူးဗျ။)

(28) Normally I buy lunch at the canteen. But I have been bringing lunch from home. (ပုံမှန်ဆို ကျွန်တော် နေ့လည်စာကို ကဲန်တီးက ဝယ်စားနေကျ။ ဒါပေမယ့် အခုတလော အိမ်ကပဲ ယူလာခဲ့လိုက်တယ်။)

(29) Ko Kaung has been going to the Karate club early evening. Normally he doesn’t go there. (ကိုကောင်း အခုတလော ကရာတေးသင်တန်းကို စောစော သွားတယ်။ ပုံမှန်ဆို သူ မသွားဘူးရယ်။)

(30) Thiri has been feeling a little depressed. Normally she is very active and cheerful. (သီရိ အခုတလော စိတ်ဓာတ်နည်းနည်း ကျနေတယ်။ ပုံမှန်ဆို သူမက အလွန်တက်ကြွ ရွှင်လန်းသူ လေးပေါ့။)

 

Comments

Popular posts from this blog

1. Noun (နာမ်) (၅)

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

English for Hotel and Catering Industry (Unit 3 - Taking Reservation)