3. Condition (၅)

3. Condition (၅)

(5) Mixed (1) Condition

***အတိတ်ရဲ့ပြုမူချက်ကြောင့် ပစ္စုပ္ပန်မှာ ဆက်ဖြစ်နေရတဲ့ ရလဒ်အခြေအနေကို ဖော်ပြရာမှာ သုံးသည်။

If ……… had + V3 ……… , ……… would + V1 ………

 

Eg: (1) If I had listened to your advice, I wouldn’t be in the mess. (မင်းစကားနားထောင်ခဲ့ရင် ငါ စိတ်ညစ်ရမှာ မဟုတ်ဘူး။ *** နားမထောင်ခဲ့၊ စိတ်ညစ်နေရ။)

(2) If I had worked harder at school, I would have a better job now. (ကျောင်းတုန်းက ကြိုးစားခဲ့ရင် အခု အလုပ်ကောင်းကောင်းရနေပြီ။ *** မကြိုးစား၊ အလုပ်ကောင်း မရ။)

(3) I would have a better job now if I had worked harder at school. (ကျောင်းတုန်းက ကြိုးစားခဲ့ရင် အခု အလုပ်ကောင်းကောင်းရနေပြီ။ *** မကြိုးစား၊ အလုပ်ကောင်း မရ။)

(4) If we had looked at the map we wouldn't be lost. (ငါတို့ မြေပုံကြည့်ခဲ့မယ်ဆိုရင် လမ်းပျောက်မှာ မဟုတ်ဘူး။ *** မြေပုံမကြည့်ခဲ့၊ လမ်းပျောက်ခဲ့ရ။)

(5) We wouldn't be lost if we had looked at the map. (ငါတို့ လမ်းပျောက်မှာ မဟုတ်ဘူး၊ မြေပုံကြည့်ခဲ့မယ်ဆိုရင် ။ *** မြေပုံမကြည့်ခဲ့၊ လမ်းပျောက်ခဲ့ရ။)

(6) If you had caught that plane you would be dead now. (မင်း အဲဒီလေယာဉ်သာ မီခဲ့မယ်ဆိုရင် အခု သေနေလောက်ပြီ။ *** လေယာဉ်မမီခဲ့၊ အဲဒါကြောင့် လေယာဉ်ပျက်ကျတဲ့အထဲ ပါမသွား။)

(7) You would be dead now if you had caught that plane. (မင်း အခု သေနေလောက်ပြီ၊ အဲဒီလေယာဉ်သာ မီခဲ့မယ်ဆိုရင်။ *** လေယာဉ်မမီခဲ့၊ အဲဒါကြောင့် လေယာဉ်ပျက်ကျတဲ့အထဲ ပါမသွား။)

(8) If I had studied I would have my driving license. (ကားမောင်းသင်ခဲ့ရင် လိုင်စင်ရှိနေပြီ။ *** ကားမောင်းမသင်ခဲ့လို့ အခုယာဉ်မောင်းလိုင်စင် မရှိ။)

(9) I would be a millionaire now if I had taken that job. (အဲဒီအလုပ် လုပ်ခဲ့ရင် အခုဆို ငါ သူဌေးဖြစ်နေပြီ။ *** မယူခဲ့၊ သူဌေးမဖြစ်ခဲ့။)

(10) If you had spent all your money, you wouldn't buy this jacket. (ငွေအကုန်သုံးခဲ့ရင် အဲဒီဂျက်ကက် မဝယ်နိုင်ဘူး။ *** မသုံးခဲ့၊ အဲဒါကြောင့် ဝယ်နိုင်ခဲ့။)

(11) If you had crashed the car, you might be in trouble. (ကားတိုက်မှုဖြစ်ရင် မင်းဒုက္ခရောက်သွားနိုင်တယ်။)

(12) I could be a millionaire now if I had invested in ABC Plumbing. (ABC Plumbing မှာ ရင်းနှီးမြှုပ်နှံခဲ့မယ်ဆိုရင် ငါအခု သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်နေလောက်ပြီ။)

(13) If I had learned to ski, I might be on the slopes right now. (စကိတ်စီးဖို့ သင်ခဲ့မိမယ်ဆိုရင် အခုအချိန် တောင်စောင်းမှာ စီးနေမှာပေါ့။)

(6) Mixed (2) Condition

***အတိတ်ရဲ့ရလဒ်ကြောင့် ပစ္စုပ္ပန်မှာ ဆက်ဖြစ်နေရတဲ့ အခြေအနေကို ဖော်ပြရာမှာသုံးသည်။

If ………V2 ……… , ……… would + have + V3 ………

 

Eg: (1) If I were a good cook, I would have invited them to dinner. (ငါသာ ထမင်းကောင်းကောင်းချက်တတ်ရင် သူတို့ကို ညစာ ဖိတ်ကျွေးပါတယ်။)

(2) If wasn’t afraid of spiders, I would have picked it up. (ပင့်ကူတွေကို မကြောက်ခဲ့ဘူးဆိုရင် ငါ အဲဒါကို ကောက်ယူခဲ့မှာ။)

(3) I would have picked it up if I wasn't afraid of spiders. (ပင့်ကူတွေကို မကြောက်ခဲ့ဘူးဆိုရင် ငါ အဲဒါကို ကောက်ယူခဲ့မှာ။)

(4) If we didn't trust him we would have sacked him months ago. (ငါတို့ သူ့ကိုမယုံခဲ့ဘူးဆိုရင် ပြီးခဲ့တဲ့လတွေကတည်းက ထုတ်ပစ်ခဲ့မှာ။)

(5) We would have sacked him months ago if we didn't trust him. (ငါတို့ သူ့ကိုမယုံခဲ့ဘူးဆိုရင် ပြီးခဲ့တဲ့လတွေကတည်းက ထုတ်ပစ်ခဲ့ပြီးပေါ့။)

(6) If I wasn't in the middle of another meeting, I would have been happy to help you. (တခြားအစည်းအဝေးမှာ အဓိကလူ(သဘာပတိ) အဖြစ်ရှိမနေခဲ့ရင်/ တခြားအစည်းအဝေးနဲ့ တိုက်မနေခဲ့ရင် မင်းကိုကူညီရတာ ပျော်ရွှင်မိမှာပဲ။)

(7) I would have been happy to help you if I wasn't in the middle of another meeting.

(8) If she wasn't afraid of flying she wouldn't have travelled by boat. (သူမ လေယာဉ်စီးရမှာ မကြောက်ရင် လှေနဲ့ခရီးသွားမှာ မဟုတ်ဘူး။)

(9) I'd have been able to translate the letter if my Italian was better. (အီတလီဘာသာစကားကို ကောင်းကောင်းတတ်ရင် စာကိုဘာသာပြန်နိုင်ခဲ့မှာပဲ။)

(10) If I was a good cook, I'd have invited them to lunch. (ငါသာ အချက်အပြုတ်ကောင်းရင် သူတို့ကို နေ့စာ ဖိတ်ကျွေးပါတယ်။)

(11) If the elephant wasn't in love with the mouse, she'd have trodden on him by now. (ဆင်သည်ကြွက်ကို မေတ္တာမထားနိုင်ပါက ယခုချိန်ထိတိုင် နင်းသတ်နေပေလိမ့်မည်။)

(PS: Zero Condition, Type -1, Type -2, Type -3 သည် အခြေခံအင်္ဂလိပ်သဒ္ဒါ လေ့လာသင်ယူ နေသည့်သူများ အများအားဖြင့် လေ့လာကြသည့် Condition များ ဖြစ်ပါသည်။ Mixed -1, Mixed -2 သည် အနည်းငယ် ရှုပ်ထွေးပါသည်။ အဆင့်မြင့်သဒ္ဒါလေ့လာလိုသည့်သူများ ဆက်လက်လေ့လာ နိုင်ကြရန်အတွက် တင်ပြထားခြင်း ဖြစ်သည်။)

ထူးအောင်ဝင့်

https://www.facebook.com/authorhtooaungwint/


Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်