4. The Sentence (၂)

4. The Sentence (၂)

Construction of a simple sentence

Sub

ချဲ့ / ဖြည့်

Verb

Obj

ချဲ့ / ဖြည့်

P_ T_ M _ R

 

1. Subject

ဝါကျတစ်ကြောင်းလုံးက ဦးတည်ဖော်ပြသော လူ၊ အရာဝတ္ထု၊ အကြောင်းအရာ၊ ပြုသူ၊ ဖြစ်သူ၊ ရှိသူ၊ အပြုခံရသူ ဖြစ်နိုင်သည်။

2. ချဲ့ / ဖြည့်

မတိကျသည့် (Common Noun) ကို တိကျအောင် ချဲ့ထွင်ကန့်သတ်ခြင်းကို ချဲ့ (Adjective Phrase) ဟု ခေါ်သည်။

တိကျသည့် (Noun)၏ ဂုဏ်ပုဒ်ကို ထပ်မံဖြည့်စွက်ခြင်းကို ဖြည့် (Noun in apposition)ဟု ခေါ်သည်။

3. Verb

Subject ၏ ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်း၊ အပြုခံရခြင်းတို့ကို ဖော်ပြသည်။

4. Object

Verb to do ၏ ပြုလုပ်ခြင်း ခံရသည့် လူ၊ တိရစ္ဆာန်၊ အရာဝတ္ထုတို့ကို (Object) ဟု ခေါ်သည်။

Verb to be နောက်က လာလျှင် (Completement) ဟု ခေါ်သည်။

5. ချဲ့ / ဖြည့်

Object နောက်က ချဲ့ / ဖြည့် နှင့် Subject နောက်က ချဲ့ / ဖြည့် သည် သဘောတရားခြင်း အတူတူပင် ဖြစ်သည်။

6. P _ T _ M _ R

Place = နေရာ

Time = အချိန်

Manner = အမူအယာ

Reason = ရည်ရွယ်ချက်

*** Time ကို ဝါကျ၏ ရှေ့ဆုံး သို့မဟုတ် နောက်ဆုံးတွင် ထားနိုင်သည်။

*** ဘယ်နေရာမှာ ဘာ၊ ဘယ်နှစ်ခု ရှိတယ် စသည်ဖြင့် တည်ရှိခြင်းကို ပြလိုသည့်အခါ အောက်ပါပုံစံအတိုင်း ရေးရသည်။

There + (is/ are/ was/ were/ will be) + Noun + Place

 ထူးအောင်ဝင့်

https://www.facebook.com/authorhtooaungwint/

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်