4. The Sentence (၁)


4. The Sentence (၁)

အဓိပ္ပါယ်ပြည့်စုံသည့် စကားအစုအဝေးကို ဝါကျဟု ခေါ်သည်။ ဝါကျ (၃)မျိုး ရှိသည်။

(1) Simple Sentence - ရိုးရိုးဝါကျ

(2) Compound Sentence - စုပေါင်းဝါကျ

(3) Complex Sentence - ရောယှက်ဝါကျ

(1) Simple Sentence - ရိုးရိုးဝါကျ

ကတ္တားတစ်ခုနှင့် အဓိကကြိယာ (Principal Verb) တစ်ခုတည်းပါသော ဝါကျ ဖြစ်သည်။

*** ကြိယာကို ဖြစ်ခြင်းပြ (Verb to be)၊ ရှိခြင်းပြ (Verb to have) နှင့် ပြုခြင်းပြ (Verb to do) တို့ကို အလျဉ်းသင့်သလို သုံးနိုင်သည်။ အဓိကမှာ (Subject) နှင့် (Verb) တစ်ခုသာ ပါရမည်။

Eg: (1) Dog bark. (Sub + V)

(2) They have many children. (Sub + V + C)

(3) Long, long age, there was a king. (Sub + V + C)

(2) Compound Sentence - စုပေါင်းဝါကျ

Coordinate Clauses တွေ့နှင့် ဖွဲ့စည်းထားသော ဝါကျဖြစ်သည်။ Coordinate Clauses ဆိုသည်မှာ သီးခြားကိုယ်စီအဓိပ္ပါယ်ရှိပြီး အဆင့်အတန်းတူသော Clauses များကို ခေါ်ခြင်း ဖြစ်သည်။

* Compound Sentence ဖြစ်စေရန် Coordinate Clauses များကို အောက်ပါ စကားဆက်ကလေးများသုံးကာ ဆက်နိုင်သည်။

*** and, or, but, so, therefore, for, however, either ……… or, neither ……… nor, not only ……… but also, both ……… and, as well as, else, otherwise, yet, nevertheless, etc …

Eg: (1) Dog bark and children cry. (Coord-Cl) (Coord-Cl)

(2) She is pretty but she is not proud. (Coord-Cl) (Coord-Cl)

(3) I like not only fried chicken but also chicken curry. (Coord-Cl) (Coord-Cl)

 

(3) Complex Sentence - ရောယှက်ဝါကျ

Principle Clause တစ်ခု၊ Subordinate Clause တစ်ခု သို့မဟုတ် အများကြီးနှင့် ဖွဲ့စည်းထားသော ဝါကျ ဖြစ်သည်။

* Principle Clause ဆိုသည်မှာ အဓိပ္ပါယ်ပြည့်စုံပြီး ကိုယ်တိုင်သီးခြားရပ်တည်နိုင်သည့် ကို ခေါ်ခြင်း ဖြစ်သည်။ Main Clause ဟုလည်း ခေါ်ကြသည်။

* Subordinate Clause ဆိုသည်မှာ အဓိပ္ပါယ်မပြည့်စုံ၊ ကိုယ်တိုင်သီးခြား မရပ်တည်နိုင်ဘဲ (Principle Clause) ကို အမှီပြုနေရသည့် (Clause) ကို ခေါ်ခြင်း ဖြစ်သည်။ Dependent Clause ဟုလည်း ခေါ်ကြသည်။

* Complex Sentence ဖြစ်လာစေရန် Principle Clause နှင့် Subordinate Clause များကို အောက်ပါစကားဆက်ကလေးများသုံးကာ ဆက်နိုင်သည်။

*** since, as, because, so that, so ……… that, if, unless, before, after, although, though, while, when, whether ……… or (not), etc …

Eg: (1) This is the pen that I bought yesterday. (Pr-Cl) (Sub-Cl)

(2) She passed the exam, because she worked hard. (Pr-Cl) (Sub-Cl)

(3) If you love more, you will suffer more. (Pr-Cl) (Sub-Cl)


ထူးအောင်ဝင့်

https://www.facebook.com/authorhtooaungwint/

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်