Posts

အစီအစဉ်များ ပြုလုပ်ခြင်း

Image
အစီအစဉ်များ ပြုလုပ်ခြင်း Posted by Betty on September 30, 2015 at 11:43   ကျွန်ုပ်တို့ဟာ တစ်ခုခု အတူအကွ လက်တွဲလုပ်ဖို့ အစီအစဉ်ချကြတဲ့အခါ သူငယ်ချင်းတွေကို ပြောလေ့ရှိတဲ့ စကားအသုံးအနှုန်း အမျိုးအစားများကို ဒီဆောင်းပါးမှာ လေ့လာကြမှာဖြစ်ပါတယ်။ ပြက္ခဒိန်တွေကြည့်ပြီး၊ တစ်စုံတစ်ခုကိုလုပ်ဖို့ အချိန်တွေ၊ နေရာတွေကို သတ်မှတ်ကြတဲ့အချိန်မျိုးမှာ ကျွန်ုပ်တို့ သဘာဝကျကျ သုံးစွဲကြတဲ့ စကားလုံးတွေ၊ စကားလုံးစုတွေကို ပြောတာပါ။ 

English for Hotel and Catering Industry (Unit 28 - The Interview)

Image
English for Hotel and Catering Industry (Unit 28 - The Interview) Posted by zar ni (My Way!) on April 8, 2013 at 9:47 Unit 28 The interview လူတွေ့မေးမြန်းခြင်း ပြီးခဲ့သည် သင်ခန်းစာက အလုပ်လျှောက်ထားရန် ကိုယ်ရေးရာဇ၀င်နှင့် cover letter ရေးသားပေးပို့ခြင်း သည် အလုပ်လျှောက်ထားခြင်း၏ပထမအဆင့်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ CV နဲ့ covering letter ရဲ့ impression အပေါ်မူတည်ပြီးအလုပ်ခန့်အပ်မည့်တာဝန်ရှိသူတို့က ဒုတိယ အဆင့်အဖြစ် လူတွေ့စစ်ဆေးမှုတွေပြုလုပ်ပါလိမ့်မည် ။ ဒါဟာ မည်သည့်လုပ်ငန်း တွင်မဆို မဖြစ်မနေဖြတ်သန်းရမည့်အခြေခံအဆင့်နှစ်ဆင့်ဖြစ်သည်။ screening process တွေများသည့် တစ်ချို့လုပ်ငန်းများတွင်တော့ application မှ short listed ၊ ထိုမှတစ်ဆင့် pre-employment test အောင်မှ personal interview အဆင့်ဆင့် နှင့် နောက်ဆုံး employment contract ရောက်သည်အထိ negotiate (အပေးအယူ) လုပ်ကာသွားရသည် လည်းရှိပါသည်။

English for Hotel and Catering Industry (Unit 27 - Applying for a Job - အလုပ်တစ်ခု လျှောက်ထားခြင်း)

Image
English for Hotel and Catering Industry (Unit 27 - Applying for a Job - အလုပ်တစ်ခုလျှောက်ထားခြင်း) Posted by zar ni (My Way!) on March 31, 2013 at 19:35  ဟိုတယ်နဲ့စားသောက်ဆိုင်လုပ်ငန်းနှင့်ပတ်သက်သည့် အင်္ဂလိပ်စကားပြောသင်ခန်းစာများ လေ့လာခဲ့သည်မှာပြီးဆုံးတော့မည်။ ဒါပေမယ့် အလုပ်ရမှ ဒီပညာတွေအသုံးချရမှာဖြစ်တော့ နောက်ဆုံးပိတ်သင်ခန်းစာနှစ်ခုက အလုပ်ရှာဖွေခြင်းနှင့်သက်ဆိုင်သည့်စကားပြောတွေ ဖြစ်ပါသည်။  ဒါကြောင့်အရေးကြီးသည်ဆိုတာတော့ အထူးပြောစရာလိုမည်မထင်ပါ။

English for Hotel and Catering Industry (Unit 26 Payment Queries - ငွေပေးချေခြင်း စောဒက မေးခွန်းများ)

Image
English for Hotel and Catering Industry (Unit 26 Payment Queries - ငွေပေးချေခြင်းစောဒကမေးခွန်းများ) Posted by zar ni (My Way!) on March 25, 2013 at 9:46   ဒီသင်ခန်းစာကတော့အရင်အပတ်ရဲ့အဆက် ငွေပေးချေခြင်းနှင့်သက်ဆိုင်သည့် စကားပြောဆိုပုံများဖြစ်သည်။ ဟိုတယ်လုပ်ငန်းတစ်ခုမှာ လုပ်ငန်းဆောင်ရွက်ချက်တိုင်းသည် အဆင်ပြေချောမွေ့ တတ်သည်မဟုတ်ပါ။ လူအမျိုးမျိုးနှင့် ဆက်ဆံရသည့်အတွက် အခက်အခဲအမျိုးမျိုး ရင်ဆိုင်ရတတ်ပါသည်။ ထို့ကြောင့်လည်း အမှားအယွင်းများလည်း ရှိတတ် ပါသည်။ မည်သို့ပင်ဆိုစေ မှားသည်ဆိုသည်မှာကောင်းသောလက္ခဏာမဟုတ်သည့်အတွက် မရှောင်နိုင်သော်လည်း တတ်နိုင်သမျှအမှားနည်းအောင်ဆောင်ရွက်ရပါသည်။ ဧည့်သည်မှ စောဒကတက်မေးလာသည့်မေးခွန်းများကို ဖြေရှင်းဆောင်ရွက်ပုံများကို လေ့လာကြည့်ကြပါစို့။

English for Hotel and Catering Industry (Unit 25 Paying Bills - ငွေချေခြင်း)

Image
English for Hotel and Catering Industry (Unit 25 Paying Bills - ငွေချေခြင်း) Posted by zar ni (My Way!) on March 17, 2013 at 20:19   Unit 25 Paying Bills (ငွေချေခြင်း) ဟိုတယ်တွေမှာ outlet လို့ခေါ်တဲ့ ၀န်ဆောင်မှုအမျိုးမျိုးကိုရောင်းတဲ့ဌာနတွေရှိပါတယ်။ ဥပမာ Andaman club resort hotel မှာဆိုရင် pool side bar, Mingala bar, Victoria coffee shop, Chinese restraunt, Karaoke and snooker, Spa, Beauty saloon, စတဲ့ outlet တွေရှိပါတယ်။ အဲဒီနေရာတွေမှာ ဧည့်သည်က တစ်ခုခုသုံးဆောင်ပြီသွားရင် တစ်ချို့က ငွေသား cash နဲ့ပေးချေတတ်ပေမယ့် အများစုက သူ့ရဲ့ room bill ထဲမှာပဲ သူစားသမျှ၊ သုံးသမျှ၊ ၀ယ်သမျှကို ပေါင်းထည့်ကြပါတယ်။ ဒါကြောင့်မလို့ Would you like to add this to your (room) bill? လို့မေးကြရပါတယ်။ ဒီသင်ခန်းစာကတော့ ငွေချေခြင်းနဲ့ပတ်သက်တဲ့ ပြောဆိုပုံတွေကိုလေ့လာကြမှာဖြစ်ပါတယ်။

English for Hotel and Catering Industry (Unit 24 Dealing with Problems - ပြဿနာများ ကိုင်တွယ်ဖြေရှင်းခြင်း)

Image
English for Hotel and Catering Industry (Unit 24 Dealing with Problems - ပြဿနာများကိုင်တွယ်ဖြေရှင်းခြင်း) Posted by zar ni (My Way!) on March 3, 2013 at 17:13   ဒီသင်ခန်းစာဟာ အခန်း ၁၂ တောင်းဆိုမှုများကိုဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အခန်း ၁၄ မကြေနပ်ချက်များကိုဖြေရှင်းခြင်း စတဲ့သင်ခန်းစာများနဲ့ဆက်စပ်လို့နေပါတယ်။ ပြဿနာတစ်ရပ်ကို တုန့်ပြန်ဖြေရှင်းပုံကို အဆိုပါအခန်းများမှာပြန်လှန်လေ့လာသင့်ပါတယ်။

English for Hotel and Catering Industry (Unit 23 Offering Help and Advice)

Image
English for Hotel and Catering Industry (Unit 23 Offering Help and Advice) Posted by zar ni (My Way!) on February 25, 2013 at 10:48   Offering help and advice (အကူအညီနှင့်အကြံဥာဏ်ပေးခြင်း) ဟိုတယ်တွေကိုမြို့အငယ်စားလေးလို့တင်စားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့တစ်မြို့မှာ နေထိုင်သူလူထုအတွက်လိုအပ်တဲ့ဝန်ဆောင်မှုတွေကိုပံ့ပိုးပေးတဲ့ဌာနတွေရှိသလိုမျိုးပဲ ဟိုတယ်တွေမှာလည်းလာရောက်တည်းခိုသူတွေအတွက် အစစအရာရာဝန်ဆောင်မှုပေးနိုင်အောင် ကျိုးစားကြရလို့ပါပဲ။ ဟိုတယ်မှာလာရောက်တည်းခိုရင်း မတော်တဆထိခိုက်ဒဏ်ရာရမှုတွေ၊ ဖျားနာမှု တွေရှိလာရင် ဘယ်လိုပြောဆိုသလဲဆိုဒါဒီသင်ခန်းစာမှာလေ့လာကြည့်ပါမယ်။