အစီအစဉ်များ ပြုလုပ်ခြင်း



  • Posted by Betty on September 30, 2015 at 11:43
  •  
  • ကျွန်ုပ်တို့ဟာ တစ်ခုခု အတူအကွ လက်တွဲလုပ်ဖို့ အစီအစဉ်ချကြတဲ့အခါ သူငယ်ချင်းတွေကို ပြောလေ့ရှိတဲ့ စကားအသုံးအနှုန်း အမျိုးအစားများကို ဒီဆောင်းပါးမှာ လေ့လာကြမှာဖြစ်ပါတယ်။ ပြက္ခဒိန်တွေကြည့်ပြီး၊ တစ်စုံတစ်ခုကိုလုပ်ဖို့ အချိန်တွေ၊ နေရာတွေကို သတ်မှတ်ကြတဲ့အချိန်မျိုးမှာ ကျွန်ုပ်တို့ သဘာဝကျကျ သုံးစွဲကြတဲ့ စကားလုံးတွေ၊ စကားလုံးစုတွေကို ပြောတာပါ။ 

သင်နှင့် သင့်သူငယ်ချင်း နှစ်ယောက်စလုံး အားတဲ့အချိန်မျိုးကို တွေ့အောင်ရှာတာမျိုးကနေ စလိုက်ရအောင်။ အောက်ပါကဲ့သို့ မေးမြန်းနိုင်ပါတယ်။
  • Are you free next Thursday? (မင်း/ရှင် လာမည့်ကြာသပတေးနေ့ အားသလား။)
  • Is next Thursday any good for you? (လာမည့်ကြာပတေးက မင်း/ရှင့်အတွက် အဆင်ပြေသလား။)

အဲ့ဒီမေးခွန်းကိုဘဲ အနည်းငယ်ပိုမိုပြီး၊ ရင်းနှီးမှုအသွင်ဆောင်တဲ့ စကားလုံးလေးတွေနဲ့ မေးနိုင်ပါတယ်။
  • Does next Thursday work for you? (လာမယ့် ကြာသပတေးဆို မင်းအတွက် အလုပ်ဖြစ်မလား။)
  • How are you fixed for next Thursday? (လာမည့် ကြာသပတေးမှာ ဘာတွေအစီအစဉ် ချထားတာရှိလဲ။) 

အကယ်၍ သင်က တစ်စုံတစ်ရာလုပ်ဖို့ စီစဉ်ပြီးဖြစ်တာမို့ အဲ့ဒီနေ့မှာ သူငယ်ချင်းနှင့် မတွေ့နိုင်ဘူးဆိုပါတော့။ အဲဒီအခါမျိုးကျရင် ဒီလိုပြောလို့ရပါတယ်။

ယူကေမှာ ဆိုရင်
  • I have something on that evening. (အဲဒီနေ့ညနေ နဲနဲလုပ်စရာရှိလို့။)

အမေရိကားမှာကျတော့
  • I have something going on. (လုပ်လက်စ ဟာလေးတွေရှိလို့။)
  • I'm afraid I'm busy that evening. (ငါ အဲဒီနေ့ ညနေအလုပ်များနေတာ၊ စိတ်မရှိနဲ့နော်။) 

အကယ်၍ သင် အားတဲ့အခြားအချိန် တစ်ခုခုကို ထည့်ညွှန်းပြီးပြောလိုပါက
  • I could do Friday evening. Is that any good? (သောကြာနေ့ညနေဆိုရင် အဆင်ပြေပါတယ်။ မင်း/ရှင် အတွက်ရော။)

အကယ်၍ သင့်သူငယ်ချင်းက သတ်မှတ်ထားတဲ့ ရက်တစ်ခုခုမှာ အဆင်မပြေဘူးဆိုရင်တော့ သင်က
  • How about Sunday ? Does that work better? (ဒါဆို တနင်္ဂနွေဆိုရင် ဘယ့်နှယ့်လဲ။ အဲဒါပိုပြီး အဆင်ပြေသလား။) လို့ပြောလို့ရပါတယ်။

အကယ်၍ နှစ်ယောက်စလုံးက ဟိုရက်၊ ဒီရက် စသဖြင့် ဆွေးနွေးကြပြီး၊ ရက်တစ်ရက် ရွေးလို့ရတယ်ဆိုရင် သင်က ဒီလိုပြောလို့ရပါ တယ်။
  • Okay, let's make it Friday, then. (ကောင်းပြီ၊ ဒါဆို သောကြာနေ့လို့ သတ်မှတ်လိုက်ကြရအောင်။)
  • Okay, let’s say Friday, then. (ရတယ်။ ဒါဆို သောကြာနေ့ပေါ့။)

၎င်းနောက်မှာ မှားယွင်းတာတို့၊ လွဲချော်တာတို့ မရှိအောင် စီစဉ်ထားတာတွေကို တခါထပ်ပြီး ပြောချင်ကောင်း ပြောချင်ပါလိမ့်မယ်။ အဲ့ဒီအချိန် မျိုးမှာတော့ လူတွေဟာ အနည်းငယ် ရင်းနှီးမှုဆန်တဲ့
  • Does that sound like a plan? (အဲဒီလိုမျိုးလေး စီစဉ်ထားတာ အဆင်ပြေတယ်မို့လား။) လို စကားမျိုးကို တစ်ခါတစ်ရံ သုံးတက်ကြပါတယ်။ 
  • A : So, Tuesday, eight o' clock, at Charlie's. Does that sound like a plan ? (အဲဒီတော့ အင်္ဂါနေ့ ရှစ်နာရီ၊ ဦးချာလီဆိုင်မှာ။ အဲဒီလိုမျိုး အစီအစဉ်ဆို အဆင်ပြေတယ်မို့လား။)
    B : Perfect! See you then! (လုံးဝကွက်တိဘဲ။ အဲ့ဒီတော့မှ တွေ့ကြတာပေါ့။) 

တစ်ခါတစ်ရံကျရင်တော့ ကျွန်ုပ်တို့ဟာ အခုလောလောဆယ် အစီအစဉ်တွေချထားပေမယ့် နောက်ကျရင် အဲ့ဒါကို ပြောင်းရကောင်းပြောင်းရမယ်လို့ သိထားကြပါတယ်။ အဲဒီလိုအခါမျိုးဆိုရင်တော့ သင်က ဒီလိုမျိုး ပြောဆိုလို့ ရကောင်းပါတယ်။
  • Let's pencil in next Wednesday. (တိုက်ရိုက်ဘာသာပြန်ပါက နောက်ဗုဒ္ဓဟူးနေ့လို့ ခဲတံနှင့် ရေးထားကြတာပေါ့။) (ဆိုလိုရင်းမှာ နောက်ဗုဒ္ဓဟူးလို့ လောလောဆယ် လျာထားကြတာပေါ့။) 

*pencil in ဟု သုံးနှုန်းထားသည့် စဉ်းစားပုံမှာ ယခုခဲတံနှင့် ရေးသားထားတဲ့အတွက် ဖောင်တိန်နှင့်ရေးသားထားသည်ထက် ပိုမိုပြီး ဖျက်ရန် လွယ်ကူသည် ဟူသည့် စဉ်းစားပုံမျိုးဖြစ်ပါတယ်။

ဒီလိုလဲ ထပ်ပေါင်းပြီး ပြောချင်ပြောလို့ရပါတယ်။ (nearer the time)အချိန်နီးလာလျှင် ဒီစီစဉ်မှု သေချာတယ်၊မသေချာဘူး ထပ်ပြောမယ် သို့မဟုတ် ဆက်သွယ်မယ်ဆိုတဲ့ပုံစံမျိုးပါ။
  • Okay, let's pencil Tuesday the 8th for dinner and I'll call you nearer the time to confirm. (ကောင်းပြီ၊ ညစာစားဖို့ကိစ္စက ၈ ရက်နေ့ အင်္ဂါနေ့ကို လောလောဆယ် လျာထားကြတာပေါ့။ ရက်နီးလာရင် ဖုံးဆက်ပြီး သေချာ၊ မသေချာထပ်ပြောပါမယ်။) 

အကယ်၍ သူငယ်ချင်းတစ်ယောက်နဲ့ ဘယ်ရက်၊ ဘယ်နေရာမှာ တွေ့မယ်လို့ စီစဉ်ပြီးပေမယ့် သူတကယ်လာနိုင်၊ မလာနိုင် သေချာအောင် လုပ်ချင်တယ်ဆိုရင်တော့ ဒီလိုပြောလို့ရပါတယ်။
  • Are you still okay for this Thursday/ Saturday, etc? (ဒီလာမယ့် ကြာသပတေး/စနေ စသဖြင့်မှာ မင်းအဆင်ပြေ သေးတယ်နော်။) 

အကယ်၍ သင့်မှာ အခြားလုပ်စရာ တစ်စုံတစ်ခုရှိလို့ အခု လာမတွေ့နိုင်တော့ဘူးဆိုရင် ဒီလို ပြောပြီး ရှင်းပြလို့ ရပါတယ်။
  • I'm afraid something has come up and I won't be able to make it this Thursday. (စိတ်တော့ မရှိနဲ့ကွာ။ ဒီမှာ ကိစ္စတစ်ခု ထ, ပေါ်လာလို့ ဒီ ကြာသပတေးတော့ လာနိုင်မယ်မထင်ဘူး။ ) 

အကယ်၍ သူငယ်ချင်းအချို့က တွေ့ရန် ချိန်းထားကြပြီးမှ အစီအစဉ်ပြောင်းကြောင်း သင်က တစ်စုံတစ်ယောက်ကို ပြောရသည်ဆိုပါစို့။ သင် ဒီလိုပြောပြီး စရှင်းပြလို့ရပါတယ်။
  • There's been a change of plan. (အစီအစဉ်ပြောင်းသွားတယ်။) 
  • There's been a change of plan for this Thursday. Sophie can't make it at seven so we're meeting a bit later. (ဒီလာမယ့် ကြာသပတေးမှာ အစီအစဉ် အပြောင်းအလဲရှိတယ်။ ဆိုဖီက ၇ နာရီဆိုရင် မလာနိုင်တော့ ငါတို့ နဲနဲနောက်ကျမှ တွေ့ကြမယ်။) 

နောက်ဆုံးအနေနှင့် အစီအစဉ်တွေအားလုံး ချပြီးပြီးဆိုလျှင် သင်က အောက်ပါတို့ကိုပြော၍ စကားပြောခြင်းကို အဆုံးသတ်နိုင်ပါတယ်။
  • So, see you next Wednesday at the restaurant. (ကဲ ဒီတော့ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ စားသောက်ဆိုင် မှာ သင်နှင့်တွေ့ကြတာပေါ့။) 
  • Great. Looking forward to it. (အရမ်းကောင်းပါတယ်။ တွေ့ကြတာပေါ့။)

Dictionaryblog.cambridge.org မှ Kate Woodford
၏ Does that sound like a plan? (Making plans) ကို ကိုးကာဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်