လောကကို ပြောင်းလဲစေသည့် နီတိများ(၈)
လောကကို ပြောင်းလဲစေသည့် နီတိများ(၈) နှုတ်မှုပညာကို ဖြစ်စေ၊ လက်မှုပညာကို ဖြစ်စေ သေးငယ်၏ဟု မထင်မှတ်ရာ။ ကုန်စင်အောင်တတ်မြောက်ခဲ့သော် မိမိတတ်မြောက်ထားသော အတတ်ပညာတစ်မျိုးမျိုးက အသက်မွေး ဝမ်းကျောင်းအတွက် အထောက်အပံ့ဖြစ်နိုင်၏။ ။ ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သည်။ ပညာတတ်သူတို့ နေရယူတွင်ကျယ်နေသော ခေတ်ဖြစ် သည်။ ပညာကို အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုလျှင် အဆိုးအကောင်း၊ အကျိုးအကြောင်းကို ဝေဖန်ချင့်ချိန်နိုင် သည့်အရာ ဖြစ်သည်။ ပညာကိုထပ်၍ ပိုင်းခြားရမည်ဆိုလျှင် အသိပညာနှင့် အတတ်ပညာဟူ၍ (၂)မျိုး ခွဲခြားနိုင်သည်။