The Important of EQ in teaching

The Important of EQ in teaching

* Be Proactive

* Clean up your mind!

* Keep Hope Alive (မျှော်လင့်ချက်တွေ ရှင်သန်နေပါစေ။ * ဂျက်စီ ဂျက်ဆင်)

PQ (Physical Intelligence) = ကျန်းမာမှု

IQ (Intelligence Qoutient) = ဉာဏ်ရည်ထက်မြက်မှု

EQ (Emotional Intelligence) = စိတ်ခံစားမှုနှင့် ၎င်းကိုဉာဏ်ရည်သုံး စီမံနိုင်မှု

Sp (Spiritnal Intelligence) = ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဉာဏ်ရည်ထက်မြက်မှု

အဲဒီအချက်တွေ ပြည့်စုံမှသာ Be proactive (တာဝန်ယူစိတ်) ရှိတဲ့လူတစ်ယောက် ဖြစ်လာမှာပါ။ ဒီအထဲကမှ ဆရာ၊ ဆရာမတစ်ယောက်အတွက် အရေးကြီးဆုံးဖြစ်တဲ့ EQ (Emotional Intelligence) အကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

EQ မှာ အရေးပါတဲ့ အရည်အချင်းက ကိုယ့်အကြောင်းကိုယ် ကောင်းကောင်း သိနိုင်ခြင်း ဖြစ်ပါတယ်။ (Self Awareness) ပေါ့။ နောက်တစ်ခုက ကိုယ်ချင်းစာစိတ် (Empathy) ပဲ ဖြစ်ပါတယ်။

ဆရာ၊ ဆရာမတစ်ယောက်ဟာ လူသားတစ်ဦးဖြစ်တဲ့အတွက် အခက်အခဲပြဿနာ ရှိတဲ့နေ့တွေလည်း ပိုင်ဆိုင်ရနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ကြည်ခြင်း၊ စိတ်မကြည်ခြင်းတွေ လည်း ရှိနိုင်ပါတယ်။ ဆရာ၊ ဆရာမတစ်ယောက် ကျောင်းကိုလာတဲ့အခါ သူ့အိမ်မှာ စိတ်အနှောက်အယှက်ကြုံလာခဲ့ရနိုင်သလို လမ်းမှာလည်း အဆင်မပြေမှု ကြုံလာခဲ့ရနိုင်ပါ တယ်။ ရုံးခန်းအတွင်းမှာလည်း အဆင်မပြေတဲ့အခြေအနေ ကြုံရနိုင်တာပါပဲ။ အဲဒီအတွက် သူ စိတ်မကြည်ဘူးဆိုပါစို့။ စာသင်ခန်းထဲဝင်လိုက်တဲ့အခါ တပည့်တွေရဲ့ ဆီးကြို နှုတ်ဆက်သံကတောင် စိတ်တိုင်းကျမှာ မဟုတ်ပါဘူး။ သင်ပုန်းကြီးပေါ်က စာတွေ ဖျက်ထားမပေးတာ၊ ဆရာမ စားပွဲပေါ်က စာအုပ်တွေ မညီညာတာကအစ တပည့်တွေ အပြစ်လို့ မြင်လာပါလိမ့်မယ်။

ဆရာ၊ ဆရာမတစ်ယောက်ရဲ့ EQ ကို ထိန်းဖို့အတွက် အရေးကြီးဆုံးက Clean up your mind! လုပ်ခဲ့ဖို့ပါပဲ။ အိမ်မှာ အဆင်မပြေဘူးလား၊ လမ်းမှာ အဆင်မပြေခဲ့ဘူးလား။ ကျောင်းဝင်းထဲဝင်လိုက်တာနဲ့ Clean up your mind! လုပ်လိုက်ပါ။ စိတ်ရှင်းလိုက်ပါ။ ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာ အဆင်မပြေခဲ့ဘူးလား၊ စာသင်ခန်း တစ်ခုခုမှာ အဆင်မပြေခဲ့ဘူးလား။ နောက်စာသင်ခန်း ဝင်လိုက်တာနဲ့ Clean up your mind! လုပ်ပစ်လိုက်ပါ။

ဆရာ၊ ဆရာမ အဆူအငေါက်ခံလိုက်ရတဲ့ ကျောင်းသား၊ ကျောင်းသူအဖို့ မနက်ပိုင်းမှာ အဆူခံလိုက်ရရင် တစ်နေ့လုံး၊ နေ့လည်မှာအဆူခံလိုက်ရရင် တစ်ညနေလုံး စိတ်မရွှင်တော့ပါဘူး။ စိတ်သေသွားပါတယ်။ တက်တက်ကြွကြွ သင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက် ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဆရာ၊ ဆရာမအနေနဲ့ EQ မချို့ယွင်းဖို့အတွက် တစ်နေရာက တစ်နေရာပြောင်းတိုင်း၊ စာသင်ခန်းတစ်ခန်းက တစ်ခန်းပြောင်းတိုင်း Clean up your mind! လုပ်ပေးပါလို့ အကြံပြုလိုပါတယ်။ Keep Hope Alive! တပည့်တွေရဲ့ မျှော်လင့်ချက်တွေကို ရှင်သန်နေစေတဲ့ ဆရာ ဖြစ်ပါစေ။

ထူးအောင်ဝင့်

(၂၀.၇.၂၀၂၄) နံနက် ၈ နာရီ ၁၈ မိနစ်

 

Comments

Popular posts from this blog

1. Noun (နာမ်) (၅)

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ