Posts

အချိန်နဲ့ဆိုင်တဲ့ အသုံးတွေ မှန်ကန်ကြဖို့

Image
အချိန်နဲ့ ဆိုင်တဲ့ အသုံးတွေ မှန်ကန်ကြဖို့ Posted by Soe Soe Win on January 7, 2015 at 11:34  အင်္ဂလိပ်စာကို ရေးသား ပြောဆိုတဲ့အခါ အချိန်အခါတွေ၊ နေရာတွေ စသည်တို့ကို မကြာခဏ ညွှန်ပြ ပြောဆိုရေးသား ကြရပါတယ်။ သာမန်အားဖြင့် ပြောရတာလွယ်ကူတယ် ထင်ရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ အချို့သော အသုံးတွေက ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ် ဆိုတာ ဆုံးဖြတ်ရ ခက်တတ်ပါတယ်။ အချိန်နဲ့ဆိုင်တဲ့ အသုံးတွေထဲက နံနက်ပိုင်း (morning) နဲ့ ဆိုင်တဲ့ အသုံးတစ်ချို့ကို တင်ပြလိုက်ပါတယ်။

ခရီးသွားခြင်း

Image
ခရီးသွားခြင်း ကျွန်တော်တို့ အားလုံး ထာဝရ ခရီးသွားများဖြစ်ကြသည်။ သို့သော် ထိုခရီးသည် ကျွန်တော်တို့ သွားသည် ဖြစ်စေ၊ မသွားသည်ဖြစ်စေ တစ်ချိန်တွင် အမှန်ရောက်မည့် ခရီးဖြစ်သည်။ ကျွန်တော်ပြောလို သည်က သွားမှ ရောက်မည့် ခရီးများအကြောင်းဖြစ်သည်။ ခရီးသွားလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ကမ္ဘာကြီးသည် ရွာကြီးဖြစ်သွားပြီဆိုသော စကားသံ တို့ ကျယ်လောင်လာခဲ့ပြီ ဖြစ်သည်။ အတိတ်ကာလက လချီ၊ နှစ်ချီကြာအောင် သွားခဲ့ရသော ခရီးတို့သည် ယခုအခါတွင် နာရီပိုင်းအတွင်း ရောက်နိုင်သည့် ခရီးအဖြစ်ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ဆက်သွယ် သွားလာရ ပိုမိုချောမွေ့လာသည် နှင့်အမျှ ကမ္ဘာအဝှမ်းခရီးသွားလာသူတို့ ပို၍များပြားလာခဲ့ကြသည်။ တချို့က ပြည်တွင်းခရီးသွားများဖြစ်သည်။ တချို့တွေကတော့ ပြည်တွင်းသာမက ပြည်ပသို့ပါ ခြေဆန့်ကြ သူများဖြစ်သည်။

Complain ဖြေရှင်းနည်း

Image
Complain ဖြေရှင်းနည်း Posted by Htoo Aung Wint   Complain ဖြေရှင်းဖို့ရန်အတွက် အဆင့်(၆)ဆင့်ကို ဖြတ်သန်းရပါတယ်။ အဲဒါတွေကတော့ ၁။ Listen (နားထောင်ပါ) ၂။ Repeat (ပြန်မေးပါ/ အတည်ပြုပါ) ၃။ Thank (ကျေးဇူးတင်ကြောင်းပြောပါ) ၄။ Apologize (တောင်းပန်ပါ) ၅။ Action/Explain (ရှင်းပြပါ) ၆။ Follow-Up (ဆောင်ရွက်ပေးပါ)

အကောင်းဆုံးတောင်းပန်နည်း(၅)မျိုး

Image
အကောင်းဆုံး တောင်းပန်နည်း (၅) မျိုး Posted by Soe Soe Win on December 15, 2015 at 10:18   သင် ဘယ်နေရာမှာပဲ အလုပ်လုပ်ပါစေ။ ဘာကိုပဲလုပ်ပါစေ တစ်စုံတစ်ယောက်သောသူကို တစ်စုံတစ်ခုအတွက်နဲ့ တောင်းပန်ရမှာ ကတော့ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဒါကတော့ လောကဓမ္မတာပဲဖြစ်ပါတယ်။ လူသားတွေနဲ့ ပြည့်နှက်နေတဲ့ အလုပ်ဌာနမှာ စိတ်ထိခိုက်စေမဲ့ အခြေအနေအမျိုးစုံနှင့် အမြဲတမ်းပဲ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ရုံးမှာ အခြေအနေတွေက တင်းမာလာ တဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် ပုန်းခိုစရာရှာတာကတော့ တကယ်တော့ မဖြစ်သင့်သလို ရင့်ကျက်ရာလည်း မရောက်ပါ။ ၄င်းအစား စိတ်မသက်မသာဖြစ်ရတဲ့ အခြေအနေမျိုးမှာ လိမ္မာပါးနပ်စွာနဲ့ ရင်ဆိုင်ပြောဆိုနိုင် ရန် သင့်တော်သော စကားလုံး အသုံးအနှုန်းများကို အသင့်ဆောင်ထားရပါမယ်။

အခွင့်အရေးယူတတ်ပါစေ

အခွင့်အရေးယူတတ်ပါစေ           အခွင့်အရေးဆိုသည်က နေရာတိုင်းမှာ ရှိသည်။ သို့သော် သူသည် စီးမျောနေသော သဘောရှိလေ သည်။ သင်မဆယ်ယူမိသည်နှင့် ၎င်းကဆက်လက်စီးမျောသွားပေလိမ့်မည်။ အခွင့်အရေးဟု မမြင်တတ်သူများ၊ အခွင့်အရေးဟု မြင်သော်လည်း ဖမ်းယူအသုံးမချနိုင်သူများကို ကျော်လွန်ကာ အသုံးချနိုင်သူများလက်ဝယ် ရောက်သည်အထိ စီးမျောသွားမည်ဖြစ်သည်။           လူအများစုကတော့ မျောပါသွားသည့် အခွင့်အရေးကိုငေးကာ နောင်တဆိုသောအရာကို ပွေ့ဖက် တတ်ကြသည်။ လူတော်များကမူ လက်လွတ်သွားသည့် အခွင့်အရေးကို ငေးမျှော်မနေတော့ဘဲ နောက်ထပ် ဖမ်းဆုပ်နိုင်မည့်အခွင့်အရေးကို ရှာဖွေတတ်ကြသည်။ သာမန်လူများနှင့် အောင်မြင်သူများကြားရှိ ကွာခြား ချက်မှာ ဤအချက်ပင်ဖြစ်သည်။

ရဲရဲပြောပါ မကြောက်ပါနဲ့

Image
ရဲရဲ ပြောပါ မကြောက်ပါနဲ့ Posted by Betty on December 17, 2014 at 13:22   အမေရိကားမှာ ပညာသွားသင်ခဲ့တဲ့ အသိဆေးကျောင်းသားတစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။ တစ်ခါတုန်းက သွားရင်း လာရင်း ဗိုက်ဆာလို့ နယူးယောက်မြို့ရဲ့ မက်ဒေါနယ် ဆိုင်တစ်ဆိုင်မှာ သူစားချင်တာကို ယုံကြည်မှုအပြည့်နဲ့ မှာလိုက်တယ်။ “Cheese burger two times, please.”

သင့်အင်္ဂလိပ်စာ ဘာ့ကြောင့် မတိုးတက်သေးတာလဲ

Image
သင့်Englishစာဘာလို့ မတိုးတက်သေးတာလဲ? Posted by Jay Kris on December 10, 2014 at 11:15  ကျွန်တော့်ကို လူငယ်အချို့ကမေးလေ့ရှိပါတယ်။ သူတို့ Englishစာဘာလို့ မတိုးတက်တာလဲတဲ့။ ဘယ်လိုလေ့လာမှ Englishစာကို ကောင်းကောင်းပြော တတ်မှာလဲတဲ့။ ကျွန်တော်ဒီဆောင်းပါးလေး ကနေပဲ အကြံပေးပါရစေ။ ကျွန်တော် အောက်မှာရေးပြထားတဲ့အချက်တွေထဲက သင်ဘယ်နှစ်ချက် လာက် ကျင့်သုံးနေပါလဲ? ဒီဆောင်းပါးလေးဖတ်ပြီးရင်တော့ သင့်အတွက်တစ်စုံတစ်ခု အကျိုးရှိမှာ သေချာပါတယ်။ ကျွန်တော် မိုးရှင်း (I.M.T) သည်လည်း ဆရာကြီးတစ်ယောက်မဟုတ် သေးပါ။ သိသမျှကိုဝေမျှလိုသော စေတနာဖြင့်ရေးသားပါသည်။