Capsule Hotel
Capsule Hotel အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံမှ အစပြု ပြီး ပေါ်ထွက်လာခဲ့တဲ့ Capsule Hotels တွေအကြောင်း ပြောပြပါမယ်။ Capsule hotel အမျိုးအစားကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ၁၉၇၉ ခုနှစ်က စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးတွေမှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ Capsule Hotelဟာ budget ဟိုတယ် အမျိုးအစား ဖြစ်ပြီး တည်းခိုမယ့် ဧည့်သည်အတွက် အခြေခံလိုအပ်ချက်အားလုံကို အလျား ၆ပေ၇လက်မ၊ အနံ ၃ပေ၃လက်မ၊ အမြင့် ၄ပေ၁လက်မ သာကျယ်သော အလွန်သေးငယ်တဲ့ အခန်းထဲမှာ ထည့်သွင်းပေထားတာ ဖြစ်ပါတယ်။