နိုင်ငံတကာမှာ တွေ့ရတဲ့ နိုင်ငံကူးလက်မှတ်အရောင်(၄)မျိုး


             နိုင်ငံတကာမှာ နိုင်ငံကူး လက်မှတ် အရောင် အဓိကအားဖြင့် (၄)ရောင်ရှိပါတယ်။ နိုင်ငံတစ်ခုစီက သူတို့ရဲ့ ပတ်စ်ပို့အရောင်ကိုရွေးချယ်တဲ့အခါ သူတို့ အဓိပ္ပာယ်နဲ့သူတို့ရှိကြပါတယ်။

အနီရောင် နိုင်ငံကူး လက်မှတ်

               တွေ့ရတာအများဆုံးကတော့ အနီရောင် ပတ်စ်ပို့ ဖြစ်ပါတယ်။ အနီရောင်အဖုံးနဲ့ နိုင်ငံကူးလက်မှတ်တွေကို များသောအားဖြင့် သမိုင်းကြောင်းအားဖြင့် (သို့) လက်ရှိကွန်မြူနစ်စနစ်ရှိတဲ့ နိုင်ငံတွေက ရွေးချယ်လေ့ရှိပါတယ်။ Slovenia, China, Serbia, Russia, Latvia, Romania, Poland, and Georgia စတဲ့ နိုင်ငံသားတွေမှာ အနီရောင်နိုင်ငံကူးလက်မှတ်ရှိကြပါတယ်။
ဥရောပသမ္မဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ (Croatia ကလွဲလို့) ကလည်း အခြားသော အနီရောင်နဲ့ဆက်စပ်တဲ့ အရောင်တွေအသုံးပြုပါတယ်။ EU အဖွဲ့ဝင်ဖို့စိတ်ဝင်စားတဲ့နိုင်ငံတွေဖြစ်တဲ့ Turkey, Macedonia, and Albania ကလည်း သူတို့ရဲ့ ပတ်စ်ပို့ကို အနီရောင်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲ ပြောင်းလဲခဲ့ပါတယ်။ The Andean Community of Nations တွေဖြစ်တဲ့ Bolivia, Colombia, Ecuador, and Peru တွေက burgundy ဝိုင်အရောင်ရှိတဲ့ နိုင်ငံကူးလက်မှတ်တွေရှိပါတယ်။

အပြာရောင် နိုင်ငံကူး လက်မှတ်

              နောက်တွေ့ရများတာကတော့ အပြာရောင် ပတ်စ်ပို့ ဖြစ်ပါတယ်။ အပြာရောင်အဖုံးက “နိုင်ငံသစ်”ကို ကိုယ်စားပြုပါတယ်။ မြေထဲပင်လယ် (၁၅)နိုင်ငံမှာ အပြာရောင်နိုင်ငံကူးလက်မှတ်တွေပိုင်ဆိုင်ထားပါတယ်။ တောင်အမေရိကနိုင်ငံအတွင်းမှာတော့ အပြာရောင်နိုင်ငံကူးလက်မှတ်က Mercosur ကုန်သည်သမ္မဂ္ဂကို ကိုယ်စားပြုပါတယ်။
Brazil, Argentina, and Paraguay. Venezuela နိုင်ငံတွေကတော့ ချွင်းချက်ဖြစ်ပြီး သူတို့က သမ္မဂ္ဂမှာပါဝင်ပေမယ့် သူတို့နိုင်ငံသားတွေက အနီရောင်ပတ်စ်ပို့ကိုင်ဆောင်ထားတာဖြစ်ပါတယ်။ အမေရိကန် US နိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်က ၁၉၇၆ မှာမှ အပြာရောင်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

အစိမ်းရောင်နိုင်ငံကူးလက်မှတ်

                မူဆလင်နိုင်ငံ အများစုမှာ အစိမ်းရောင် ပတ်စ်ပို့ ကိုင်ဆောင်ထားပါတယ်။ ဥပမာအားဖြင့် Morocco, Saudi Arabia, and Pakistan နိုင်ငံတွေဖြစ်ပါတယ်။ အစိမ်းရောင်က Prophet Muhammad နှစ်သက်တဲ့အရောင်ဖြစ်ပြီး သဘာဝနဲ့ အသက်ကို ကိုယ်စားပြုပါတယ်။
အနောက်အာဖရိကနိုင်ငံအများစု ဥပမာ – Burkina Faso, Nigeria, Niger, the Ivory Coast, and Senegal ရဲ့ နိုင်ငံသားတွေမှာလည်း အစိမ်းရောင်အမျိုးမျိုးနဲ့ နိုင်ငံကူးလက်မှတ်တွေရှိပါတယ်။ သူတို့တွေကတော့ ECOWAS လို့ခေါ်တဲ့ စီးပွားရေးအသိုက်အဝန်းကိုရည်ညွန်းတာဖြစ်ပါတယ်။

အမဲရောင် နိုင်ငံကူး လက်မှတ်

                အရှားဆုံးနိုင်ငံကူးလက်မှတ်တွေကတော့ အနက်ရောင် အဖုံးနဲ့ဖြစ်ပါတယ်။ ထိုပတ်စ်ပို့တွေကိုတော့ အာဖရိကနိုင်ငံအချို့ဖြစ်တဲ့ – Botswana, Zambia, Burundi, Gabon, Angola, Chad, Congo, Malawi နဲ့ အခြားနိုင်ငံတွေမှာတွေ့နိုင်ပါတယ်။ New Zealand နိုင်ငံသားတွေမှာတော့ အနက်ရောင်အဖုံးနိုင်ငံကူးလက်မှတ်တွေတွေ့ရတာကတော့ အနက်ရောင်က သူတို့နိုင်ငံရဲ့ အမျိုးသားအရောင်ဖြစ်တဲ့အတွက်ကြောင့်ပါ။

(ဖြည့်စွက်ချက် – အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ Brunei, Cambodia, Malaysia, Myanmar, Philippines, Singapore နဲ့ Thailand နိုင်ငံသားတွေမှာ အနီရောင် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားကြပါတယ်။
Indonesia နဲ့ ဗီယက်နမ်နိုင်ငံသားတွေကတော့ အစိမ်းရောင် နိုင်ငံကူး လက်မှတ် ဖြစ်ပြီး Laos နိုင်ငံသားတွေကတော့ အပြာရောင်နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားကြပါတယ်။)

Credit:Original Writer

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်