လှလှပပ စတိုင်ကျကျ ခရီးထွက်နိုင်ဖို့



လှလှပပ စတိုင်ကျကျ ခရီးထွက်နိုင်ဖို့ မပါမဖြစ် ဆောင်သွားသင့်တဲ့ ပစ္စည်း(၅)မျိုး

        ခရီးတိုပဲသွားသွား၊ခရီးရှည်ပဲ သွားသွား ပူပြင်းတဲ့နေရောင်အောက်မှာ ခရီးထွက် တယ်ဆိုတည်းက အနည်းနဲ့အများဆိုသလို ပင်ပမ်းနွမ်းနယ်မှုကို ခံစားရတတ် ပါတယ်။ပင်ပမ်းနွမ်းနယ်မှုတွေက မျက်နှာမှာလာပေါ်နေရင်တော့ ခရီးသွားမှတ်တမ်း ဓါတ်ပုံလှလှလေးတွေကို ရနိုင်တော့မှာ မဟုတ်ပါဘူး။ခရီးသွားနေတဲ့ အချိန် ကာလအတွင်း အလှမပျက်၊စတိုင်မပျက်ပဲ နေဖို့ဆိုတာဟာ သိပ်ေ တာ့ မလွယ် ကူလှပေမယ့် အောက်မှာ ဖော်ပြထားတဲ့ ပစ္စည်းလေးတွေကိုဆောင်သွားရင်တော့  စတိုင်ကျ လှပပနေတဲ့ ခရီးသွားမိန်းကလေးဖြစ်သွားမှာပါ။ အဲ့ဒါတွေ ကတော့…

(၁)လိုအပ်တဲ့ ပစ္စည်းလောက်ပဲ သယ်ပါ

ပစ္စည်းတွေအများကြီးကို ထုပ်ပိုးလာပြီး အိတ်ကြီးတကားကားနဲ့ သွားနေရ တာေ လာက် ရှိုးပဲ့တာမရှိပါဘူး။ဒါကြောင့် လိုအပ်တဲ့ ပစ္စည်းလောက်ပဲ သယ်လာပါ။ သယ်လာတဲ့ အ၀တ်အစားထဲက (၇၀)ရာခိုင်နှုန်းလောက်ဟာ တကယ့်ကို လိုအပ်တဲ့ အ၀တ်အစားမျိုးပဲဖြစ်ပါစေ။နက်ပြာရောင်ဂျင်းဘောင်းဘီ၊အဖြူရောင် တီရှပ်၊ကမ်းခြေသွားမှာဆိုရင် ရေကူးဝတ်စုံ၊ကမ်းခြေမှာ ၀တ်ဖို့ Beach ၀တ်စုံ၊ ဒီလောက်ဆိုရင် လုံလောက်ပါပြီ။သိပ်မလိုအပ်လောက်တဲ့ ဖိနပ်နဲ့ Acces sories တွေကို ထားခဲ့ပါ။အသားအရေနဲ့ဆံပင်အတွက်လိုအပ်တဲ့ ပစ္စည်းတွေကို သယ်တဲ့နေရာမှာလည်း အိမ်သုံးဘူးအကြီးကြီးတွေကို မသယ်ပါနဲ့။Skin Care နဲ့ Hair Care Products တွေထဲမှာ  ခရီးသွားရင် သယ်ရလွယ်အောင်ဆိုပြီး ရည်ရွယ် ထုတ်ထားတဲ့ ဆိုဒ်သေးတွေရှိပါတယ်။

(၂)ဦးထုပ်နဲ့နေကာမျက်မှန်

နွေရာသီဖြစ်တာကြောင့် ခရီးသွားမယ်ဆိုရင် တကယ့်ကို မပါမဖြစ်ယူသွားရမယ့် ပစ္စည်းနှစ်ခုပါ။နေပူကို ကာကွယ်ပေးနိုင်သလို လူကိုပါ စတိုင်ကျလှပစေမယ့် ဦးထုပ်မျိုးကို ရွေးချယ်ပါ။နေအရမ်းပူတာကြောင့် မျက်လုံးကို ထိခိုက်စေ
ပါတယ်။ ဒါကြောင့် နေကာမျက်မှန်တစ်လက်လောက်ကတော့ မပါမဖြစ်ကို ယူသွားပါ။ဈေးပေါတဲ့ နေကာမျက်မှန်မျိုးထက် စတိုင်လည်းကျ၊မျက်လုံးကိုလည်း တကယ် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာမျိုးကို ရွေးချယ်ဖို့
အ ကြံပြုချင်ပါတယ်။

(၃)အသားအရေထိန်းသိမ်းရေး ပစ္စည်းများ

Sunscreen ကတော့ မပါမဖြစ်ယူသွားပါ။နေဒဏ်၊ လေဒဏ်နဲ့ဖုန်မှုန့်တွေေ ကြာင့် မျက်နှာအသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အတက် သေချာေ ပါက် ယူ သွားပါ။နောက်တစ်ခုကတော့ မျက်နှာမှာ ရေဓါတ်ခမ်းခြောက်တာတွေ မဖြစ်
ရအောင် Face Mist,Face Spray ကိုယူသွားပါ။ပင်ပမ်းနွမ်းနယ်နေတဲ့ အသားအရေကို ပြန်လည် လန်းဆန်းနိုင်တဲ့အတွက် အပြင်ထွက်တဲ့ အခါတိုင်း ကိုယ်နဲ့တပါတည်း ဆောင်သွားပါ။


(၄)ဆံကေသာထိန်းသိမ်းရေး အသုံးအဆောင်များ

ဆံပင်အတွက် လိုအပ်တဲ့ ပစ္စည်းတစ်ချို့ကို ယူသွားပါ။ကလစ်၊ခေါင်းစည်းကြိုးနဲ့ ဆံပင်ပုံသွင်းတဲ့ ပစ္စည်း(ဖြောင့်စက်၊ကောက်စက် ဆိုဒ်အသေး) နှစ်ခုထဲက တစ် ခုလောက်ကိုတော့ ယူသွားပါ။ဒီပစ္စည်းတွေကတော့ ဆံကေသာပုံကျနေဖို့
အတွ က် လိုအပ်တဲ့ ပစ္စည်းတွေပါ။ခရီးထွက်ပြီဆိုတည်းက ပူပြင်းတဲ့ နေရော င်၊ဖုန် မှု န့်တွေနဲ့ကတော့ ဘယ်လိုမှရှောင်လွှဲလို့ ရမှာမဟုတ်ပါဘူး။ေ နဒဏ် ၊လေဒဏ် နဲ့ဖုန်မှုန့်တွေကြောင့် ဆံကေသာ ခြောက်သွေ့ပျက်စီးတာတွေနဲ့
ကြုံရတတ်ပါ တယ်။ဆံပင်ပုံကျဖို့ သုံးတဲ့ ပစ္စည်းတွေကလည်း ဆံကေသာကို အနည်းနဲ့ အများ ထိခိုက်စေတတ်ပါတယ်။ဒ့ါအပြင် ကမ်းခြေလို နေရာကို သွားမယ်ဆိုရင် ဆားငန်ရေကြောင့် ဆံကေသာ ထိခိုက်ပျက်စီးတတ်ပါ တယ် ။ဒါကြောင့် ဆံကေ သာပျက်စီး မှုအတွက် အဓိကထုတ် ထားတဲ့  ခေါင်းလျှော် ရည်မျိုး ဥပမာ- Dove ခေါင်းလျှော်ရည်ကို သယ်သွားပါ။ခရီးသွားတဲ့ အခါ အလွယ်တကူ သယ်လို့ ရအောင် ရည်ရွယ်ထုတ်ထားတဲ့ 70ml ဗူးသေး ရှိပါတယ်။Doveအပြာရောင် ခေါင်းလျှော်ရည် မှာ အစွမ်းထက် တဲ့Keratin (ကရာတင်) ပါဝင်တဲ့အတွက် ဆံသား ဆဲလ်အတွင်းပိုင်းအထိ ၀င်ရောက်ပြုပြ င်ပေးနိုင်ပါတယ်။နောက်တစ်ခုကတော့ Serum ဆောင်သွားပါ။ခရီးသွားရင် ကြုံရတဲ့ ဆံသားပျက်စီးမှုကို သက်သာစေပါတယ်။ဆံပင်စေးကပ်တာ မဖြစ်ေ စသလို ၊စိုနေတဲ့ဆံပင်ရောခြောက်နေတဲ့ ဆံပင်မှာပါ သုံးနိုင်ပြီး ဆံကေသာ အတွင်း ပိုင်း အထိအားဖြည့်ပေးနိုင်တဲ့ Serum မျိုး ဥပမာ- Dove Serum ကိုယူ သွားပါ။


(၅)လည်စည်းပ၀ါနဲ့တခြားပစ္စည်း

ခရီးသွားတဲ့ အခါ ယူသွားသင့်တဲ့ ပစ္စည်းတွေထဲမှာ လည်စည်းပ၀ါလည်း တစ်ခု အပါအ၀င်ပါ။လည်စည်းပ၀ါထဲကမှအကြီးကို ယူသွားပါ။ ခြုံထားမလား၊လည် ပင်းမှာ စည်းထားမလား၊နောက်ဆုံး ကမ်းခြေလို နေရာကို သွားမယ်ဆိုရင်
ခါးမှာ ပတ်ထားမလား ပုံစံမျိုးနဲ့အသုံးပြုလို့ ရတဲ့ ပစ္စည်းတစ်ခုပါ။ ပ၀ါလေးပါ မှသာ သင့်ရဲ့ စတိုင်ကိုလုံးဝပြီးပြည့်စုံသွားမှာကတော့ အသေအချာပါ။အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ ခရီးသွားတဲ့အခါ စတိုင်ကျလှပဖို့အတွက်  ဖုန်း Charger၊ခရီးသွားမှတ်တမ်းပုံကောင်းလေးတွေရဖို့ ကင်မရာ တို့လို ပစ္စည်း လေးတွေကိုလည်းမပါမဖြစ် ယူသွားကြဖို့ အကြံပြုချင်ပါတယ်။



Credit:www.shwemom.com

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်