Posts

လှေကားသုံးထစ် ကျော်ရမည်

Image
လှေကားသုံးထစ်ကျော်ရမည် Posted by zar ni (My Way!) on January 27, 2015 at 11:38      အင်္ဂလိပ်စကားလေ့လာသူများ၏အနီးကပ်ဆုံးရန်သူတစ်ယောက်ရှိသည်။ သူက ပြင်ပရန်သူမဟုတ်။ ကျွန်ုပ်တို့အဇ္ဇျတ္တအတွင်းမှလာသည်။ စကားလုံးတစ်လုံး၊ သဒ္ဒါစည်းမျဉ်းတစ်ခုကို သိသလိုလိုနှင့် သိပြီထင်မှတ်ခြင်း၊ အကယ်၍၄င်းတို့ကို သိထားသည် ဆိုလျှင် မိမိကိုယ်ကို တတ်သွားပြီဟု ထင်တတ်သည့်အကျင့်ပင်ဖြစ်သည်။

တာဝန်ယူစိတ်

တာဝန်ယူစိတ်         လူသားတိုင်း တာဝန်ကိုယ်စီရှိသည်ကို သိသည်။ သို့သော် တာဝန်ယူရမှန်း မသိ။ အသိသည် အသိသာဖြစ်သည်။ တစ်ချို့တွေက တာဝန်ရှိမှန်းပင် မသိကြ။ တစ်ချို့ တစ်ချို့တွေက တာဝန်ရှိမှန်းလည်း သိသည်။ တာဝန်ယူရမှန်းလည်း သိသည်။ သို့သော် တာဝန်မခံလိုကြ။ ၎င်းတို့အထဲမှ လူနည်းစုကသာလျှင် တာဝန်ရှိမှန်းသိသလို တာဝန်လည်းယူတတ်ကြလေသည်။           ရှေးခေတ် ဂျပန်ဆာမူရိုင်းများသည် တိုက်ပွဲတွင် ရွပ်ရွပ်ချွန်ချွန် ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ကြသူများ ချည်း ဖြစ်သည်။ အောင်ပွဲသည် သူတို့၏ ဂုဏ်သိက္ခာဖြစ်သည်။ သူတို့၏အသက်ဖြစ်သည်။ တိုက်ပွဲတွင် ရှုံးနိမ့်သွားသည်နှင့် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း စစ်သည်တစ်ယောက်၏ ဘဝသည် သေဆုံးသွားပြီ ဖြစ်သည်။

အစီအစဉ်များ ပြုလုပ်ခြင်း

Image
အစီအစဉ်များ ပြုလုပ်ခြင်း Posted by Betty on September 30, 2015 at 11:43   ကျွန်ုပ်တို့ဟာ တစ်ခုခု အတူအကွ လက်တွဲလုပ်ဖို့ အစီအစဉ်ချကြတဲ့အခါ သူငယ်ချင်းတွေကို ပြောလေ့ရှိတဲ့ စကားအသုံးအနှုန်း အမျိုးအစားများကို ဒီဆောင်းပါးမှာ လေ့လာကြမှာဖြစ်ပါတယ်။ ပြက္ခဒိန်တွေကြည့်ပြီး၊ တစ်စုံတစ်ခုကိုလုပ်ဖို့ အချိန်တွေ၊ နေရာတွေကို သတ်မှတ်ကြတဲ့အချိန်မျိုးမှာ ကျွန်ုပ်တို့ သဘာဝကျကျ သုံးစွဲကြတဲ့ စကားလုံးတွေ၊ စကားလုံးစုတွေကို ပြောတာပါ။ 

English for Hotel and Catering Industry (Unit 28 - The Interview)

Image
English for Hotel and Catering Industry (Unit 28 - The Interview) Posted by zar ni (My Way!) on April 8, 2013 at 9:47 Unit 28 The interview လူတွေ့မေးမြန်းခြင်း ပြီးခဲ့သည် သင်ခန်းစာက အလုပ်လျှောက်ထားရန် ကိုယ်ရေးရာဇ၀င်နှင့် cover letter ရေးသားပေးပို့ခြင်း သည် အလုပ်လျှောက်ထားခြင်း၏ပထမအဆင့်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ CV နဲ့ covering letter ရဲ့ impression အပေါ်မူတည်ပြီးအလုပ်ခန့်အပ်မည့်တာဝန်ရှိသူတို့က ဒုတိယ အဆင့်အဖြစ် လူတွေ့စစ်ဆေးမှုတွေပြုလုပ်ပါလိမ့်မည် ။ ဒါဟာ မည်သည့်လုပ်ငန်း တွင်မဆို မဖြစ်မနေဖြတ်သန်းရမည့်အခြေခံအဆင့်နှစ်ဆင့်ဖြစ်သည်။ screening process တွေများသည့် တစ်ချို့လုပ်ငန်းများတွင်တော့ application မှ short listed ၊ ထိုမှတစ်ဆင့် pre-employment test အောင်မှ personal interview အဆင့်ဆင့် နှင့် နောက်ဆုံး employment contract ရောက်သည်အထိ negotiate (အပေးအယူ) လုပ်ကာသွားရသည် လည်းရှိပါသည်။

English for Hotel and Catering Industry (Unit 27 - Applying for a Job - အလုပ်တစ်ခု လျှောက်ထားခြင်း)

Image
English for Hotel and Catering Industry (Unit 27 - Applying for a Job - အလုပ်တစ်ခုလျှောက်ထားခြင်း) Posted by zar ni (My Way!) on March 31, 2013 at 19:35  ဟိုတယ်နဲ့စားသောက်ဆိုင်လုပ်ငန်းနှင့်ပတ်သက်သည့် အင်္ဂလိပ်စကားပြောသင်ခန်းစာများ လေ့လာခဲ့သည်မှာပြီးဆုံးတော့မည်။ ဒါပေမယ့် အလုပ်ရမှ ဒီပညာတွေအသုံးချရမှာဖြစ်တော့ နောက်ဆုံးပိတ်သင်ခန်းစာနှစ်ခုက အလုပ်ရှာဖွေခြင်းနှင့်သက်ဆိုင်သည့်စကားပြောတွေ ဖြစ်ပါသည်။  ဒါကြောင့်အရေးကြီးသည်ဆိုတာတော့ အထူးပြောစရာလိုမည်မထင်ပါ။

English for Hotel and Catering Industry (Unit 26 Payment Queries - ငွေပေးချေခြင်း စောဒက မေးခွန်းများ)

Image
English for Hotel and Catering Industry (Unit 26 Payment Queries - ငွေပေးချေခြင်းစောဒကမေးခွန်းများ) Posted by zar ni (My Way!) on March 25, 2013 at 9:46   ဒီသင်ခန်းစာကတော့အရင်အပတ်ရဲ့အဆက် ငွေပေးချေခြင်းနှင့်သက်ဆိုင်သည့် စကားပြောဆိုပုံများဖြစ်သည်။ ဟိုတယ်လုပ်ငန်းတစ်ခုမှာ လုပ်ငန်းဆောင်ရွက်ချက်တိုင်းသည် အဆင်ပြေချောမွေ့ တတ်သည်မဟုတ်ပါ။ လူအမျိုးမျိုးနှင့် ဆက်ဆံရသည့်အတွက် အခက်အခဲအမျိုးမျိုး ရင်ဆိုင်ရတတ်ပါသည်။ ထို့ကြောင့်လည်း အမှားအယွင်းများလည်း ရှိတတ် ပါသည်။ မည်သို့ပင်ဆိုစေ မှားသည်ဆိုသည်မှာကောင်းသောလက္ခဏာမဟုတ်သည့်အတွက် မရှောင်နိုင်သော်လည်း တတ်နိုင်သမျှအမှားနည်းအောင်ဆောင်ရွက်ရပါသည်။ ဧည့်သည်မှ စောဒကတက်မေးလာသည့်မေးခွန်းများကို ဖြေရှင်းဆောင်ရွက်ပုံများကို လေ့လာကြည့်ကြပါစို့။

English for Hotel and Catering Industry (Unit 25 Paying Bills - ငွေချေခြင်း)

Image
English for Hotel and Catering Industry (Unit 25 Paying Bills - ငွေချေခြင်း) Posted by zar ni (My Way!) on March 17, 2013 at 20:19   Unit 25 Paying Bills (ငွေချေခြင်း) ဟိုတယ်တွေမှာ outlet လို့ခေါ်တဲ့ ၀န်ဆောင်မှုအမျိုးမျိုးကိုရောင်းတဲ့ဌာနတွေရှိပါတယ်။ ဥပမာ Andaman club resort hotel မှာဆိုရင် pool side bar, Mingala bar, Victoria coffee shop, Chinese restraunt, Karaoke and snooker, Spa, Beauty saloon, စတဲ့ outlet တွေရှိပါတယ်။ အဲဒီနေရာတွေမှာ ဧည့်သည်က တစ်ခုခုသုံးဆောင်ပြီသွားရင် တစ်ချို့က ငွေသား cash နဲ့ပေးချေတတ်ပေမယ့် အများစုက သူ့ရဲ့ room bill ထဲမှာပဲ သူစားသမျှ၊ သုံးသမျှ၊ ၀ယ်သမျှကို ပေါင်းထည့်ကြပါတယ်။ ဒါကြောင့်မလို့ Would you like to add this to your (room) bill? လို့မေးကြရပါတယ်။ ဒီသင်ခန်းစာကတော့ ငွေချေခြင်းနဲ့ပတ်သက်တဲ့ ပြောဆိုပုံတွေကိုလေ့လာကြမှာဖြစ်ပါတယ်။