Posts

2.Wh-type questions (၄)

Image
Whose ဖြင့် မေးခွန်းလုပ်နည်း (၁) *** ဘယ်သူ၊ ဘယ်သူ့ရဲ့၊ ဘယ်သူ၏ စသည်ဖြင့် မေးချင်လျှင် “ Whose “ ကို သုံးကာ မေးရသည်။ *** Whose နဲ့ လုပ်တဲ့မေးခွန်းတွေမှာ (Verb) ကို (am) နဲ့ မသုံးပါဘူး။ *** Whose = မည်သူ၏ (owner ကို မေးခြင်းဖြစ်သည်။)

ခင်ဗျားက (F&B Department) မှာဆိုရင်

Image
ခင်ဗျားက (F&B Department) မှာဆိုရင် (F&B) ဝန်ထမ်းများသည် တကိုယ်ရေသန့်ရှင်းမှု ရှိရမည်။ ခန်းမအတွင်းတွင် ဧည့်သည်အတွက် ဝန်ဆောင်မှုပေးနိုင်ရန် မတ်တပ်ရပ်နေသည့် အနေအထားနှင့် ဧည့်သည်(Menu) ကြည့်နေစဉ် ဝန်ဆောင်မှုပေးရန် မတ်တပ်ရပ်နေသည့် အနေအထား မတူသည်ကို သတိပြုသင့်သည်။

Security Report

Image
Security Report Security Report သည်လည်း ဟိုတယ်အတွက်အရေးကြီးပါသည်။ တချို့ဟိုတယ်များတွင် (Finger Print) ထားပေးသဖြင့် ဝန်ထမ်းဂျူတီဝင်ချိန် ထွက်ချိန်ကို အတိအကျ သိနိုင်သည်။ (Security Report နှင့် Finger Print ကို တိုက်စစ်ကြည့်လျှင် လုံခြုံရေးဝန်ထမ်း တာဝန်ကျေ၊ မကျေကိုလည်း သိနိုင်သည်။) Security Report ကိုကြည့်၍ ဂျူတီဝင်နောက်ကျသူများ၊ ဂျူတီနောက်ကျပြီးမှ ထွက်ရသူများကို သိနိုင်သည်။ တာဝန်ချိန် မလေးစားသူများကို ခေါ်ယူသတိပေးခြင်း၊ ဒဏ်ပေးခြင်း၊ အလုပ်မှ ရပ်နားခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ဟိုတယ်ပိုင်ပစ္စည်းများ ဝန်ထမ်းလက်ဝယ် ထားရှိမှု၊ မသမာမှုတို့ကိုလည်း ထိုက်သင့်သလို အရေးယူအပြစ်ပေးနိုင်သည်။ ထူးအောင်ဝင့် (၂၄.၈.၂၀၂၂)

အကောင်းမြင်ဖို့ဆိုရင်

Image
အကောင်းမြင်ဖို့ဆိုရင် တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုး အပြစ်တင်ဖို့ကြိုးစားနေတဲ့ ကမ္ဘာကြီးမှာ အကောင်းမြင်တတ်ဖို့အတွက် ပထမအဆင့်ကို ခင်ဗျား ကျော်ဖြတ်နိုင်မှ ဖြစ်မယ်။ အဲဒါက ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်မှ မချစ်တတ်ရင်၊ အကောင်းမမြင်တတ်ရင် လောကကြီးကို အကောင်းမြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ထူးအောင်ဝင့် (၂၃.၈.၂၀၂၂)

2. Wh-type questions (၃)

Image
2. Wh-type questions  Whom ဖြင့် မေးခွန်းလုပ်နည်း *** ခံရသူ Object ကို မေးလျှင် Whom ဖြင့် မေးရသည်။ *** Simple Present Tense နဲ့ မေးခွန်းလုပ်ရင် Who နဲ့ မေးတာကလွဲလို့ မေးခွန်းစကားလုံး အကူကြိယာဖြစ်သည့် (do, does) ထည့်ပေးရသည်။

2. Wh-type questions (၂)

Image
  2. Wh-type questions (၂) Who ဖြင့် မေးခွန်းလုပ်နည်း *** ပြုလုပ်သူ Subject ကို မေးလျှင် Who ဖြင့် မေးရသည်။

2. Wh-type questions (၁)

Image
2. Wh-type questions (၁) *** Who, Whom, Whose, What, Which, When, Where, Why, How, … စသည့် စကားလုံးများကိုသုံးကာ မေးခွန်းပြုလုပ်ထားခြင်း ဖြစ်သည်။ *** Who ကို လူပုဂ္ဂိုလ် (Subject) မေးသည့်အခါ သုံးသည်။ *** Whom ကို လူပုဂ္ဂိုလ် (Object) မေးသည့်အခါ သုံးသည်။ *** Whose ကို ပိုင်ဆိုင်မှုပြ (Possession) မေးသည့်အခါ သုံးသည်။