သင်၏အရေးအသားကို ပိုမိုပြောင်မြောက်စေမည့် စာရေးနည်းများ




သင့်အရေးအသားကို ရေးနည်းရေးဟန်အမျိုးမျိုးသုံး၍ တိုးတက်အောင်ပြုလုပ်ခြင်းဖြင့် သင့် အရေးအသားသည်ပို၍ ပညာသားပါလာပြီး ဖတ်ရတာလည်း ပိုပြီးနှစ်သက်စရာကောင်းလာပါလိမ့်မည်။ ဒီလိုအမျိုးမျိုးသော ရေးနည်းပုံစံတွေက သင့်ရဲ့ရေးသားဟန်ကို ဘယ်လိုအထောက်အကူပြုနိုင်သလဲဆိုတာကို သင်နားလည်နိုင်ရန်အတွက် ကျွန်ုပ်အနေဖြင့် ရည်ရွယ်ချက်တစ်ခုစီအတွက် ၀ါကျတစ်ကြောင်းထဲကိုသာ အသုံးပြုပြီး ၎င်းဝါကျကိုအနည်းငယ်မျှသာပြောင်းခြင်းဖြင့် သင်အသုံးပြုနိုင်သော အပြောင်းအလဲများကို ဖော်ပြထားပါသည်။ ဤသင်ခန်းစာကို သင်နောက်တွင် ပြန်လည် မှီငြမ်းနိုင်ရန် bookmark ပြုလုပ်ပြီး သိမ်းဆည်းထားနိုင်ပါသည်။


၁။ ဆန့်ကျင်ဘက်(သို့)မတူညီချက်ကိုဖော်ပြခြင်း (Showing Opposition or Contrasting)

ဆန့်ကျင်ဘက်(သို့)မတူညီချက်ကိုဖော်ပြခြင်းဆိုသည်မှာ - အကောင်းမြင်သောသဘောနှင့် အပျက်သဘောတို့ကို စာကြောင်းတစ်ကြောင်းထဲတွင် တွဲဖက်ရေးသားခြင်းဖြစ်ပါသည်။

ဂုဏ်ရည်တူဆက်စကားဆက် (Coordinating Conjunction)


The musical was excellent, but/yet we felt it was too long.
ဂီတဇာတ်မြူးက ပြောင်မြောက်ပေမယ့်ကျွန်တော်တို့ကတော့ ရှည်လွန်းတယ်လို့ထင်ပါတယ်။

မှီခိုစကားဆက် (Subordinating Conjunction)

Though/ Although/ Even though we felt the musical was too long, it was excellent.
The musical was excellent although / even though/ though we felt it was too long.
ကျွန်တော်တို့က ဂီတဇာတ်မြူးကို ရှည်လွန်းတယ်လို့ ထင်ကြသော်လည်း ၎င်းကအရမ်းပြောင်မြောက်ပါတယ်။

ပုဒ်ဆက်နာမ၀ိသေသန / စကားဆက်များ (Conjunctive Adverb / Linking Words)

The musical was excellent. However, / On the other hand, / In contrast, we felt it was too long.
ဂီတဇာတ်မြူးထူးကဲလှပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ရှည်လွန်းတယ်လို့ထင်မိပါတယ်။

ဝိဘတ် (Preposition)

Despite / In spite of the musical's length, we felt it was excellent.
The musical was excellent in spite of / despite its length.
ဂီတဇာတ်မြူးက ရှည်လျားသော်ငြားလည်း ပြောင်မြောက်တယ်လို့ခံစားရပါတယ်။

၂။ ရလဒ်ကိုဖော်ပြခြင်း (Showing a Result)

ရလဒ်ဖော်ပြခြင်းကို လှုပ်ရှားမှုတစ်ခုကြောင့်ဘာဖြစ်နေသည်/ ဘာဖြစ်လာမည်/ ဘာဖြစ်ခဲ့သည် - ဆိုသည့်အကြောင်း ကိုရေးခြင်းပြောခြင်းပင်ဖြစ်သည်။

ဂုဏ်ရည်တူဆက်စကားဆက် (Coordinating Conjunction)

The students needed to improve their writing skills, so they took English composition.
ကျောင်းသားများသည် သူတို့၏အရေးစွမ်းရည်များ တိုးတက်ဖို့လိုပါတယ်။ ဒါကြောင့် သူကအင်္ဂလိပ်စာ - စာစီစာကုံး ရေးသားနည်းကို သင်ယူခဲ့ကြပါတယ်။

မှီခိုစကားဆက် (Subordinating Conjunction)

The students took English composition so that they could improve their writing skills.
ကျောင်းသားများသည် သူတို့ရဲ့အရေးစွမ်းရည်တိုးတက်ရန် ရည်ရွယ်ပြီးအင်္ဂလိပ်စာ - စာစီစာကုံးရေးသားနည်းကို သင်ယူခဲ့ကြပါ။

ပုဒ်ဆက်ကြိယာဝိသေသန/ စကားဆက်များ (Conjunctive Adverb / Linking Words)

The students took English composition. Consequently, / As a result,/ Therefore, they improved their writing skills.
ကျောင်းသားများသည် အင်္ဂလိပ်စာ စာစီစာကုံးရေးသားနည်းကို သင်ယူခဲ့ကြပါတယ်။ ထို့ကြောင့် သူတို့ရဲ့ အရေး စွမ်းရည်များတိုးတက်ခဲ့ပါတယ်။

၃။ အကြောင်းပြချက်ပေးခြင်း (Providing the Reason)

အကြောင်းပြချက်ပေးခြင်းကို တစ်စုံတစ်ခုက ဘာကြောင့်ဖြစ်နေရသည့်/ ဘာကြောင့်ဖြစ်လာနိုင်သည့်/ ဘာကြောင့် ဖြစ်ခဲ့ရသည့် အကြောင်းရင်းကိုဖော်ပြရန် အသုံးပြုပါသည်။

ဂုဏ်ရည်တူဆက်စကားဆက် (Coordinating Conjunction)

Our CEO decided to close the factory in Taiwan, for it hasn't been making a profit.
ကျွန်တော်တို့ CEO ကထိုင်ဝမ်ရှိစက်ရုံကိုပိတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အကြောင်းမှာ ၎င်းမှအမြတ်မရှိသောကြောင့် ဖြစ်ပါ တယ်။

မှီခိုစကားဆက် (Subordinating Conjunction)

Our CEO decided to close the factory in Taiwan because/ since/ as it wasn't making money.
As / Because/ Since the factory wasn't making money, our CEO decided to close it.
ဝင်ငွေမရရှိသောကြောင့် ကျွန်တော်တို့ CEO ကထိုင်ဝမ်ရှိ စက်ရုံကိုပိတ်ဖို့ဆုံးဖြတ်ခဲ့ပါသည်။

Due to / Because of / As a result of the factory losing money, our CEO decided to close it.
Our CEO decided to close the factory in Taiwn due to / because of / as a result of its losing money.
အရှုံးပေါ်နေသောကြောင့် ကျွန်တော်တို့ CEO ကထိုင်ဝမ်ရှိစက်ရုံကို ပိတ်ဖို့ဆုံးဖြတ်ခဲ့ပါသည်။

၎။ အပိုအချက်အလက်များဖြည့်စွက်ပေးခြင်း (Providing Additional Information)

ဤပုံစံများသည် သင့်အာဘော်တွင် အချက်အလက်ထပ်ဖြည့်သောအခါ အသုံးပြုပါသည်။

ဂုဏ်ရည်တူဆက်စကားဆက် (Coordinating Conjunction)

The car gets good mileage, and it has an excellent guarantee.
ဒီကားက ခရီးမိုင်ပေါင်းကောင်းကောင်းသွားနိုင်ပြီးတော့ အာမခံချက်လည်းကောင်းကောင်းရှိပါတယ်။

မှီခိုစကားဆက် (Subordinating Conjunction)

Just as the car gets good mileage, it has an excellent guarantee.
ကားက ခရီးမိုင်ပေါင်းကောင်းသလိုပဲ အာမခံချက်ကလည်းကောင်းပါတယ်။

The car gets good mileage. Also/ In addition, / Moreover, it has an excellent guarantee.
ကားက ခရီးမိုင်ပေါင်းကောင်းကောင်းသွားနိုင်သည့်အပြင် အာမခံချက်ကောင်းကောင်းလည်းရှိပါတယ်။


၅။ အခြေအနေများကိုဖော်ပြခြင်း (Stating Conditions)

တစ်စုံတစ်ခုသည် တခြားတစ်စုံတရာကြောင့်ဖြစ်ပျက်လာမည်ကို ဖော်ပြခြင်းသည် အခြေအနေများကို ဖော်ပြခြင်းဟု ဆိုပါသည်။

ဂုဏ်ရည်တူဆက်စကားဆက် (Coordinating Conjunction)

Come to the presentation, or you might have problems on the test.
တင်ဆက်မှုကိုလာခဲ့ပါ။ ဒါမှမဟုတ် စာမေးပွဲမှာ ခင်ဗျားပြဿနာရှိနိုင်သည်။

မှီခိုစကားဆက် (Subordinating Conjunction)

Unless you come to the presentation, you might have problems on the test.
You might have problems on the test unless you come to the presentation.
ခင်ဗျားတင်ဆက်မှုကို မလာဖြစ်ခဲ့လျှင် စာမေးပွဲမှာပြဿနာရှိနိုင်တယ်။

If you don't come to the presentation, you might have problems on the test.
You might have problems on the test if you don't come to the presentation.
ခင်ဗျားတင်ဆက်မှုကို မလာဘဲနေလျှင် စာမေးပွဲမှာ ပြဿနာရှိနိုင်တယ်။

ပုဒ်ဆက်ကြိယာဝိသေသန/ စကားဆက်များ (Conjunctive Adverb/ Linking Words)

Come to the presentation. Otherwise, you might have problems on the test.
တင်ဆက်မှုကိုလာပါ။ ဒါမှမဟုတ်လျှင် စာမေးပွဲမှာ ခင်ဗျားပြဿနာရှိနိုင်တယ်။

၆။ ဥပမာများပေးခြင်း (Giving Examples)

အရေးအသားတွင်တိကျသော ဥပမာများရေးရန် ဤပုံစံ(၂)မျိုးကိုသုံးပါသည်။

ပုဒ်ဆက်ကြိယာဝိသေသန/ စကားဆက်များ (Conjunctive Adverb/ Linking Words)

Alison likes all kinds of sweets. For examples, she loves cake and cookies.
Alison က အချိုမှန်သမျှကို ကြိုက်ပါတယ်။ ဥပမာ- သူမကကိတ်မုန့်နဲ့ ကွတ်ကီဆိုအရမ်းခုံမင်နှစ်သက်ပါတယ်။

ဝိဘတ် (Preposition)

Alison likes all kinds of sweets such as / like cake and cookies.
Alison သည် ကိတ်မုန့်ကွတ်ကီးကဲ့သို့သော အချိုမှန်သမျှကိုကြိုက်နှစ်သက်တယ်။

၇။ Stating When something Happened (တစ်စုံတစ်ရာဘယ်တုန်းကဖြစ်ပျက်ခဲ့သည်ကိုဖော်ပြခြင်း)

ဤပုံစံများသည် လှုပ်ရှားမှုတစ်ခုကို နောက်တစ်ခုနှင့် အချိန်အားဖြင့်ဆက်စပ်ပေးရာ၌ အသုံးပြုပါသည်။ တစ်နည်းပြောရ မည်ဆိုလျှင် ၎င်းတို့သည် လှုပ်ရှားမှုများ၏အစီအစဉ်ကို ဖော်ပြပါသည်။

ဂုဏ်ရည်တူဆက်စကားဆက် (Coordinating Conjunction)

The construction company finished the building, and the grand opening celebration was held.
ဆောက်လုပ်ရေးကုမ္ပဏီက အဆောက်အအုံကို ဆောက်လုပ်ပြီးစီးခဲ့သောအခါ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

မှီခိုစကားဆက (Subordinating Conjunction)

After / When / As soon as the construction company finished the building, the grand opening celebration was held.
The grand opening celebration was held after/ when/ as soon as the construction company finished the building.
ဆောက်လုပ်ရေးကုမ္ပဏီက အဆောက်အဦကိုဆောက်လုပ်ပြီးစီးတာနဲ့ တစ်ပြိုင်နက်ဖွင့်ပွဲကျင်းပခဲ့ပါတယ်။

Before the grand opening celebration was held, the construction company finished the building.
The construction company finished the building before the grand opening celebration was held.
ဖွင့်ပွဲအခမ်းအနားမကျင်းပခင် ဆောက်လုပ်ရေးကုမ္ပဏီက အဆောက်အအုံကို ဆောက်လုပ်ပြီးခဲ့ပါတယ်။


ပုဒ်ဆက်ကြိယာဝိသေသန / စကားဆက်များ (Conjunctive Adverb / Linking Words)

First, the construction company finished the building. Second, Next, After that, the grand opening celebration was held.
ဦးစွာဆောက်လုပ်ရေးကုမ္ပဏီက အဆောက်အဦကိုပြီးအောင်ဆောက်လုပ်ခဲ့ပါတယ်။ နောက်မှ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ဝိဘတ် (Preposition)

Upon / After finishing the building, the grand opening celebration was held.
အဆောက်အအုံကို အပြီးဆောက်ပြီးလျှင် ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ပါတယ်။

ကျောင်းသားများကို အရေးအသားတွင် ဆင်တူပုံစံများအသုံးပြုရာ၌ အကူအညီပေးလိုသော ဆရာမများအနေဖြင့် ဤစာစီ စာကုံးရေးပုံရေးနည်းသင်ခန်းစာကို စမ်းကြည့်နိုင်ပါသည်။
Esl.about.com ရဲ့  Examples of Using Equivalent Forms for Writing ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။


အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်