ကြယ်ငါးပုံပြင်




ကြယ်ငါးပုံပြင်

မုန်တိုင်းကျပြီး နောက်နေ့မနက် လူတစ်ယောက် ကမ်းခြေမှာ လမ်းလျှောက်နေတယ်။ သူနဲ့ ခပ်လှမ်းလှမ်းမှာ ကနေသလိုပုံစံလှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အခြားလူတစ်ယောက်ကို သူလှမ်းမြင်တယ်။
တဖြည်းဖြည်းနဲ့ နီးလာတော့ စောစောက သူလှမ်းမြင်တဲ့ ကနေသလိုပုံစံနဲ့လူတစ်ယောက်ဆိုတာ မိန်းကလေးတစ်ယောက်ဖြစ်နေ
တယ်။ တကယ်တော့ အဲဒီမိန်းကလေးက ကနေတာ မဟုတ်ပဲ သောင်ပေါ်တင်နေတဲ့ ကြယ်ငါးတွေကို ကုန်းကောက်လိုက်၊ ပင်လယ်ထဲ
ကို ပြန်ပစ်ချလိုက် လုပ်နေတာတဲ့။
အဲဒါနဲ့သူက "ဟေ့ မိန်းကလေး ဘာလို့ ကြယ်ငါးတွေကို ပင်လယ်ထဲ ပြန်ပစ်နေတာလဲ" လို့ မေးလိုက်တော့အဲဒီမိန်းကလေးက
"နေကထွက်
လာပြီ။ ဒီရေတွေ ပြန်ကျတော့မယ်။ ကျွန်မ ပြန်ပစ်မချရင် သူတို့ သေကုန်လိမ့်မယ်" လို့ ပြန်ပြောတယ်။
အဲဒါနဲ့သူက "မိန်းကလေးရယ် .. ဒီကမ်းခြေဆိုတာ မိုင်ပေါင်းထောင်ချီ
နေတာ။ ကမ်းခြေတစ်လျှောက် သောင်တင်နေတဲ့ ကြယ်ငါးပေါင်းလဲ အများကြီးနေမှာ။ မင်းလုပ်နေတာ ဘာမှသိပ်ထူးခြားသွားမှာ မဟုတ်ဘူး"
လို့ ပြောလိုက်တယ်။
အဲဒီမှာ မိန်းကလေးက သူပြောတာကို ယဉ်ယဉ်ကျေးကျေးပဲ နားထောင်
ပြီး နောက်ထပ်ကြယ်ငါးတစ်ကောင်ကို ထပ်ကောက်၊ ပင်လယ်ထဲပစ်
ထည့်ရင်း "ဒီတစ်ကောင်အတွက်တော့ ထူးခြားတာပေါ့" လို့ ပြန်ပြောလိုက်တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရာအားလုံးကို ပြောင်းလဲဖို့ ကျွန်မတို့ မတတ်နိုင်ပေမယ့် တစ်စုံတစ်ယောက်ရဲ့ဘဝမှာ အပြောင်းအလဲကောင်းတစ်ခုရှိသွားဖို့ ကျွန်မတို့တတ်နိုင်ပါတယ်။
Credit to Jessica_M
K.K(ကနောင်)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်