အင်္ဂလိပ်စာ သင်ယူသူတစ်ဦးအဖြစ် သင့်ကိုယ်သင် ဘယ်လိုတွန်းအားပေးမလဲ





အင်္ဂလိပ်စာ သင်ယူသူတစ်ဦးအဖြစ် သင့်ကိုယ်သင်တွန်းအားဘယ်လိုပေးမလဲ

Posted by Soe Soe Win on September 21, 2015 at 11:20 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ
''သင့်ကိုယ်သင် အင်္ဂလိပ်စာသင်ယူသူတစ်ဦးအနေဖြင့် ဘယ်လိုတွန်းအားပေးရမလဲ" ဆိုတဲ့မေးခွန်းက နည်းနည်းတော့ ပေါကြောင်ကြောင်နိုင်ပါတယ်။ လူသန်းပေါင်းများစွာကပြောသော တခြားလူကြိုက်များသည် ဘာသာစကားများလည်း ရှိကောင်းရှိနိုင်မှာ ဖြစ်သော်ငြားလည်း အင်္ဂလိပ်စကားသည် မတူညီသော ယဉ်ကျေးမှုများကြားက တံတားဖြစ်သည့်အပြင် အလုပ်ခွင်တွင်း ဆက်သွယ်ရေးအတွက် အဓိကကျသောအကြောင်းရင်းဖြစ်ခဲ့၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ ပင်ဖြစ်ပါသည်။ သင်၏ဘာသာစကား စွမ်းရည်များကြောင့် သင့်ကိုယ်သင်အလွန်တရာ တန်ဖိုးထားခြင်းခံရသော ဝန်ထမ်းဖြစ်လာစေရန် လေ့ကျင့် ပေးခြင်းထက် ပိုပြီးတွန်းအားပေးနိုင်သောအရာ ရှိပါသေးသလား။


သင့်အနေဖြင့် အင်္ဂလိပ်စာသင်လိုစိတ်မရှိသော်လည်း တာဝန်အရ မဖြစ်မနေသင်ယူရမည်ဆိုပါက ဤဆောင်းပါးတိုလေးက သင့်စိတ်အခြေအနေကို ပြင်ဆင်ပေးမှာဖြစ်ပါတယ်။

တင်စားပြီးပြောရလျှင် အင်္ဂလိပ်ဘာသာစကားသည် သင်ယူသူကို တံခါးများဖွင့်ပေးမှာဖြစ်ပါတယ်။ ၎င်းကိုပို၍ ပို၍ များပြားသောလူများက စကားပြောပြီး သင်ယူနေကြသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သင့်အနေဖြင့် ခရီး  ထွက်သောအခါတိုင်း ၎င်းကိုပြောခြင်းဖြင့် လူသစ်များနှင့်တွေ့ဆုံရန်၊ ဆန်းသစ်သော ဆက်ဆံရေးများတည်ဆောက်ရန် (သို့) ခက်ခဲသော (သို့) မမျှော်လင့်သောအခြေအနေကို ကျော်လွှားနိုင်ရန် အကြီးမားဆုံးသော အခွင့်အလမ်းကို ပေးပါ သည်။

သင်သည် အင်္ဂလိပ်စာကို သင်ယူနေသော သူတစ်ယောက်ဖြစ်သော်လည်း သင်စိတ်ဝင်စားဖွယ်ဖြစ်မည့် ပြဋ္ဌာန်း စာအုပ်(သို့)သဒ္ဒါစာအုပ်များ ရှာမတွေ့ဘူးဖြစ်နေပါလား။ သင်စိတ်ဝင်စားသော အရာတစ်ခုခုကို သင်ယူခြင်းက အများကြီးပိုမို လွယ်ကူစေပြီး အင်္ဂလိပ်စာသင်ယူခြင်းက သင့်အား ထိုအခွင့်အရေးကို အလွယ်တကူရရှိစေနိုင်သည် ဟူသောအချက်ကို ထည့်သွင်းစဉ်းစားရပါမည်။

ဆိုလိုသည်မှာ သတ်မှတ်ထားသော ပညာရပ်နယ်ပယ်တစ်ခုခုနှင့် ပတ်သက်သော သင့်အသိပညာကျယ်ပြန့်စေရန် အင်တာနက် (သို့) တစ်ခြားသောအမှီအငြမ်းများကို အသုံးပြု၍ သင်နောက်ထပ်သိလိုသော မည်သည့်အကြောင်းအရာ များကိုမဆို အင်္ဂလိပ်လိုရှာဖွေနိုင်ပါသည်။

စစချင်းတော့ အခက်အခဲရှိမှာဖြစ်ပါတယ်။ သို့သော် မကြာမီမှာပဲ ဝေါဟာရ (သို့) စကားအသုံးအနှုန်းအသစ်များကို သင်ယူရာတွင် တစ်ခြားသော နည်းများထက် ဤနည်းကပိုလွယ်ကူကြောင်း သင် သဘောပေါက်လာပါလိမ့်မည်။

သင့်ကိုယ်သင်တွန်းအားပေးသောအခါ စကားပြောခြင်းတွင် အောင်မြင်သော အတွေ့အကြုံရရှိခြင်းသည် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ သင့်အနေဖြင့် အင်္ဂလိပ်စာသင်တန်းတွေမှာ စကားပြောရတာ မလုံလောက်ဟု ထင်ပါက သင့်ဆရာကို ပိုပြီးလက်တွေ့ဘ၀ဆန်သော သင်ခန်းစာများကို တောင်းဆိုနိုင်ပါသည်။

သင့်အနေဖြင့် မည်သည့် လူထုဆက်သွယ်ရေး (social media) နည်းကိုမဆို အသုံးပြုပြီး အင်္ဂလိပ်ဘာသာဖြင့် သူငယ်ချင်းများနှင့် စကားပြောခြင်း(သို့) ဆက်သွယ်ခြင်းများကို ပြုလုပ်နိုင်ပါသည်။ သို့ရာတွင် online မှတစ်ဆင့် စကားပြောခြင်းသည် တစ်စုံ တစ်ယောက်နှင့် အမှန်တကယ်စကားပြောခြင်းကို အစားမထိုးနိုင်ပါ။

နောက်ဆုံးအလေးထားပြီး တင်ပြလိုတာကတော့ audio book တွေရဲ့အကျိုးရှိပုံ ဖြစ်ပါတယ်။ ၎င်းတို့ကို အများအားဖြင့် အသံထွက်နှင့် လေယူလေသိမ်းတို့ကို အထူးတလည် လေ့ကျင့်ထားသော သရုပ်ဆောင်များက ဖတ်ကြပါသည်။ သင့်အကြိုက်ဆုံးစာအုပ်အချို့ကို အင်္ဂလိပ်ဘာသာဖြင့် နားထောင်ခြင်းက သင်၏ဝေါဟာရ နှင့် နားလည်နိုင်စွမ်းတို့ကို တိုးတက်စေပါသည်။

ထပ်ပြီးဖြည့်ပြောလိုသည်မှာ သင့်စွမ်းရည်ပိုမိုတိုးတက်လာစေရန် ပြုလုပ်ရန် ဤနည်းသည် အင်္ဂလိပ်ရုပ်ရှင်များကို ကြည့်ခြင်းထက်ပိုကောင်းသည်ဟု ထင်ပါသည်။ အကြောင်းမှာ ရုပ်ရှင်၏ လျင်မြန်စွာရွေ့လျားနေသော ရောင်စုံ ပုံရိပ်များ ကဲ့သို့ ဤနည်းက သင့်အား စိတ်ပျက်စေမှာမဟုတ်ပါ။ သင့်အနေဖြင့် ဘာသာစကားသက်သက်ပေါ်မှာပဲ အာရုံစိုက် စေသောကြောင့် ဖြစ်ပါသည်။
Myenglishteacher.eu ရဲ့ Anastasia Koltai ၏ How to motivate yourself as an English language learner? ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်