လူတွေကို စိတ်အနှောက်အယှက် မဖြစ်စေဘဲ ဝေဖန်နည်း


လူတွေကိုစိတ်အနှောက်အယှက်မဖြစ်စေဘဲ ဝေဖန်ပုံဝေဖန်နည်း
  • Posted by Betty on August 27, 2015

ကျွန်ုတို့သည် ဘ၀တွင် တခြားသူများ၏ လုပ်ဆောင်မှုများကိုမကြာခဏ ဝေဖန်ပြောဆိုရန် လိုပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲထိုသို့ပြောဆိုခြင်းသည် ကြောက်စရာကောင်းသော လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါတယ်။ ဘယ်သူကမှ သူတို့မှားတယ် (သို့) ပြုပြင်ရန်လိုတယ်လို့ အပြောမခံချင်ကြပါဘူး။ သို့သော် လူတွေက ဝေဖန်ခံရခြင်းကို မကြိုက်ရုံဘဲနှင့် ကျွန်ုပ်တို့အနေဖြင့် ဝေဖန်ခြင်းကိုမပြုလုပ်ဘဲရှောင်ရှား၍ မရနိုင်ပါ။ လူတွေကိုအမှားတွေဆက်ပြီး ပြုလုပ်စေပါက ကျွန်ုပ်တို့သည် သူတို့ လုပ်ဆောင်ချက်အပေါ် မကျေမနပ်ရှိပြီးအတွင်းစိတ်ထဲကနေသူတို့ကိုအထင်အမြင်သေးနေရုံပဲရှိမှာဖြစ်ပါတယ်။ ထိုသို့ ဖြစ်ခြင်းသည် ကောင်းသောအခြေအနေမဟုတ်ပါ။ သို့သော် လူတွေကို ကျွန်ုပ်တို့၏ ရာသက်ပန် ရန်သူမဖြစ်စေဘဲပါးနပ်စွာ ဝေဖန်ပြောဆို၍ ရနိုင်ပါတယ်။

တခြားသူများကိုလိမ္မာပါးနပ်စွာဖြင့် ဝေဖန်ပြောဆိုနိုင်သော နည်းလမ်းအချို့ကို
ဤဆောင်းပါးမှာ ဖော်ပြလိုက်ပါတယ်။

၁။ "ကျွန်ုပ်ကိုယ်တိုင်လဲဒီလိုအမှားမျိုးလုပ်ဖူးပါတယ်"

ထိုသို့ပြောဆိုခြင်းသည် အမြဲပဲအခြေအနေကိုကောင်းမွန်စေပါတယ်။ မမှန်သည့်တိုင်အောင် "ကျွန်တော်ကိုယ်တိုင်လည်းဒီအမှားမျိုးကိုလုပ်ဖူးပါတယ်" (I have made the same mistake myself…)၊ "ခင်ဗျားနေရာမှာ ကျွန်တော်ဆိုလျှင်လည်းဒီအတိုင်းပဲလုပ်မိမှာပါ။ ဒါပေမဲ့…." (In your situation I would have done the same thing, but…) အစရှိသောစကားများကိုပြောခြင်းဖြင့် သင့်ရဲ့ ဝေဖန်မှုကို ညင်သာစေပါတယ်။
အထက်စီးတဲ့ လေသံမပေါက်သည့်အတွက် ထိုကဲ့သို့သောအပြောအဆိုများကအောင်မြင်ခြင်းဖြစ်ပါတယ်။

ဝန်ထမ်းအသစ်ကို ထိုသို့ ပြောခြင်းသည် နမူနာကောင်းတစ်ခုဖြစ်ပါတယ်။ ၀န်ထမ်းသစ်ဖြစ်သည့်အတွက် အနည်းငယ်စိတ်လှုပ်ရှားနေပြီးအမှားများပြုလုပ်မိမှာအသေအချာပါ။ ကျွန်ုပ်တို့ကထိုသူတို့၏ အမှားများကိုတစ်ချိန်လုံးထောက်ပြနေပါကသူတို့ကစိတ်မကောင်းဖြစ်ပြီးအလုပ်လုပ်ရန် စိတ်ပါဝင်စားမှု လျော့နည်းသွားမှာ ဖြစ်ပါတယ်။ သို့သော် ကျွန်ုပ်တို့အနေဖြင့် "အဲဒါကအမှားဟုတ်ပါတယ်။ ဒါပေမဲ့ မှားလွယ်တဲ့အရာဖြစ်ပါတယ်" (that’s a mistake, but an easy one to make) လို့ ပြောပေးခြင်းကသူတို့ကိုစိတ်မချမ်းမသာမဖြစ်စေဘဲ ပြုပြင်ပေးလိုက်နိုင်မှာ ဖြစ်ပါတယ်။

၂။အသံနေအသံထား

စကားပြောခြင်း၏ ၇၀% သည် လေသံနှင့် မျက်နှာအမူအရာတို့ပေါ် မူတည်ပါတယ်။ စကားလုံးအသုံးအနှုန်းများကဒီလောက် အရေးမပါပါ။ တစ်စုံတစ်ယောက် အပြုအမူ၏ အမှားကိုထောက်ပြရန် လိုသောအခါ သင်၏ ပြောဆိုပုံကိုဂရုစိုက်ရန်လိုပါ တယ်။

ထေ့ငေါ့ပုံ၊ ဒေါသထွက်ပုံ၊ ရန်လိုပုံ(သို့) အထက်စီးပုံပေါက်သောလေသံကိုမသုံးမိရန် ရှောင်ရှားပါ။ တတ်နိုင်သမျှ ယဉ်ယဉ် ကျေးကျေး၊ ရင်းရင်းနှီးနှီးနှင့် သဘာဝကျကျပြောပါ။ အများကြီးသိသာပါတယ်။ ထိုသူသည် ဒေါသဖြစ်ထိုက်သူ၊ ထေ့ငေါ့မှုကိုခံထိုက်သူလို့ သင်ထင်နေသည့်တိုင်အောင် ထိုသို့ပြောဆိုခြင်းကသင့်ရဲ့ ဝေဖန်မှုကို အကျိုးရှိစေမှာမဟုတ်ပါ။ ထိုသို့ သင်ပြောဆိုပါကထိုသူတွေကဆန့်ကျင်သောစိတ်ဖြင့် တုံ့ပြန်မှာ ဖြစ်ပါတယ်။ သူတို့ကိုစဉ်းစဉ်းစားစားနဲ့ ဝေဖန်ပါက သူတို့ကသင် ပြောလိုသောအချက်ကိုနားလည်ပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ ပြုံးပါ

အကယ်၍ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်က ကျွန်ုပ်တို့ကိုစိတ်မချမ်းမသာဖြစ်စေမည့် အကြောင်းအရာတစ်ခုခုကို ပြုလုပ်ပါက ကျွန်ုပ်တို့၏ အနှုတ်သဘောဆောင်သည့် စိတ်ခံစားချက်များကိုမဖော်ပြဘဲနှင့် ဝေဖန်ရန် ခက်ခဲပါတယ်။ ထိုသို့ သောအခါမျိုးတွင် ပြုံးလိုက်ပါကတင်းမာနေသောအခြေအနေကိုမသိလိုက်ဘဲနှင့် လျော့ပါးသွားစေပါတယ်။ ပြုံးသောအခါ စိတ်ကိုပြေလျော့စေပြီးအပြုသဘောဆောင်သောတုံ့ပြန်မှုများကို ဖြစ်ပေါ်စေပါတယ်။

၎။ အရေးကြီးသောအရာများကိုသာ ဝေဖန်ပါ

အရေးမပါသောအမှားအယွင်းတိုင်းကိုထောက်ပြပြီးနေရာတကာပါသူကိုဘယ်သူမှ မနှစ်သက်ပါ။ သေးငယ်တဲ့ အမှားတိုင်းကိုလိုက်ပြီး ဝေဖန်နေလျှင် တကယ်တမ်းကြီးမားတဲ့ အမှားအယွင်းဖြစ်သောအခါ ထိုသူများအနေဖြင့် ကျွန်ုပ်တို့ရဲ့ ဝေဖန်တတ် သော သဘာဝကို ရှောင်လွှဲတတ်နေပြီ ဖြစ်ပါတယ်။ တတ်နိုင်သမျှ သည်းခံပါ။ အကယ်၍ တစ်စုံတစ်ယောက်ကသင့်လိုပဲစတေပလာချုပ်စက် (stapler)ကိုနေရာအတိအကျ ပြန်မထားခြင်းသည် ကြီးမားသောပင်ကိုယ်အားနည်းချက်မဟုတ်ဆိုတာကိုသတိပြုရပါမည်။ ချုပ်စက်ခေတ္တနေရာလွဲရှိနေခြင်းကိုသည်းခံရတာကပိုလွယ်ကူပါလိမ့်မည်။

၅။ဝေဖန်မှုကို ဖုံးကွယ်ထားပါ

ကျွန်ုပ်တို့သည် လိမ္မာပါးနပ်ပါကလူတစ်ဦးတစ်ယောက်၏ လုပ်ဆောင်ပုံကိုတကယ် မဝေဖန်လိုက်ရဘဲနှင့် ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ကအမှားတစ်ခုကိုဆက်လုပ်နေပါကဆောင်ရွက်ရမည့် နည်းလမ်းအမှန်ကိုအကြံပြုကြည့်လိုက်ပါ။ လုပ်ဆောင်ရမည့်နည်းလမ်းအမှန်တွေကိုအကြံပြုခြင်းက ဝေဖန်မှုကို သွယ်ဝိုက်ပြီးပြောဆို ခြင်းဖြစ်သော်လည်းထိုသူကအမှန်ကိုလုပ်ဆောင်သွားခြင်းသည်သာအဓိကမဟုတ်ပါလား။

၆။ ချီးမွမ်းပြီးမှ ဝေဖန်ပါ

ကောင်းသောအရည်အချင်းလုံးဝမရှိသောလုပ်ဖော်ကိုင်ဖက်ဆိုတာမရှိပါဘူး (လို့မျှော်လင့်ရတာပဲလေ)။လူတစ်ဦးတစ်ယောက်ကို ဝေဖန်ရတော့မယ်ဆိုလျှင် အရင်ဦးဆုံးသူတို့ရဲ့ ကောင်းကွက်လေးတွေကိုထောက်ပြလိုက်ပါ။ ထိုသို့ပြုလုပ်ခြင်းကသူတို့ကို စိတ်ကောင်းဝင်အောင် ပြုလုပ်တာဖြစ်သောကြောင့် သင့်ရဲ့ ဝေဖန်မှုကို လက်ခံနိုင်သောစိတ်အခြေအနေရှိနေမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ချီးမွမ်းမှုကစိတ်ရင်းအတိုင်းတော့ ရှိသင့်ပါတယ်။ ထိုသို့မဟုတ်ပါက ကျွန်ုပ်တို့၏ ဟန်ဆောင်ထားသောမြှောက်ပင့်မှုကိုသူတို့ကရိပ်စားမိသွားမှာ ဖြစ်ပါတယ်။

၇။ (တကယ်မဟုတ်သည့်တိုင်)အမှန်ကိုဆောင်ရွက်သောကြောင့် ချီူးကျူးပေးပါ

ဒီနည်းကတော့ နည်းနည်း ခိုးကြောင်ခိုးဝှက်နိုင်ပေမဲ့ စမ်းလုပ်ကြည့်သင့်ပါတယ်။ လူတစ်ဦးတစ်ယောက်ကပုံစံတွေ ဖြည့်တဲ့ နေရာမှာအလွန်ဆိုးရွားတယ်လို့ ယူဆကြပါစို့။ ထိုသူသည် သူ့လုပ်ငန်းမှာဘယ်လိုတော်ကြောင်းကိုသင့်အထက်လူကြီးကိုမဖြစ်မနေတင်ပြလိုက်ပါ။ ထိုသူက ပြန်ကြားတဲ့အခါ ရှက်လွန်းလို့ သူ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်လာနိုင်မှာရရှိခြင်းဖြစ်ပါတယ်။

ဒီအကြံကို ကျွန်ုပ်ရရှိတာကတော့ ယူကေမှာ ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ "Yes Minister" ဇာတ်လမ်းမှ ဇာတ်ဝင်ခန်းတစ်ခန်းကို ကြည့်ရာမှ ဖြစ်ပါတယ်။ အစိုးရဌာန၀န်ထမ်းများက ၀န်ကြီးတွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုအကောင်အထည်ဖော်ပေးရန် ငြင်းဆိုကြပါတယ်။ ဒါ့ကြောင့် ၀န်ကြီးက ရုပ်မြင်သံကြားဌာနကိုသွားပြီး "အစိုးရဌာန ၀န်ထမ်းများက ဒီပြုပြင်ပြောင်းလဲမှုတွေကိုအမြန်ဆုံးအကောင်အထည်ဖော်ပေးနေတဲ့အတွက် အလွန်ကောင်းတဲ့ လုပ်ရပ်တွေ လုပ်နေပါတယ်လို့" ရက်ရက်ရောရောချီးမွမ်းပေးလိုက်ပါတယ်။ ၀န်ကြီးပြောတဲ့ စကားကမုသားဖြစ်သော်လည်း TV ကနေတစ်ဆင့် သူတို့ကိုချီးမွမ်းလိုက်တဲ့ အတွက် အစိုးရဌာနက ၀န်ထမ်းတွေက ၀န်ကြီးရဲ့ ချီးကျူးမှုနှင့် ကိုက်ညီအောင် ပြုပြင် ပြောင်းလဲမှုတွေကိုအကောင်အထည် ဖော်ပေးလိုက်ရပါတယ်။အလွန်မျက်နှာပြောင်သောသူများနဲ့တော့ ဒီနည်းကအလုပ်ဖြစ်မှာမဟုတ်ပါဘူး။

အောက်မှာတော့ အပြုသဘောဆောင်သော ဝေဖန်မှုပြုရန်စကားအသုံးအနှုန်းတစ်ချို့ကိုနမူနာအဖြစ်ပေးထားပါတယ်။ ဆီလျှော်သလိုပြောင်းလဲပြုပြင်သုံးရန် ဖြစ်ပါတယ်။

Praise:  This team works very well together.
Constructive criticism:  I’ve noticed that the team has some problems communicating.
ချီးကျူးခြင်း ။ဒီအဖွဲ့ကအတူတူစုပေါင်းပြီးဆောင်ရွက်တဲ့နေရာမှာကောင်းကောင်းလုပ်နိုင်ကြတာပဲ။
အပြုသဘောဆောင်သောဝေဖန်မှု ။အဖွဲ့ထဲမှာဆက်ဆံရေးပြဿနာအချို့ရှိနေတာကို ကျွန်တော်သတိထားမိတယ်။

Praise: The performance of the database is excellent.
Constructive criticism: The database performance needs to be improved so that
ချီးကျူးခြင်း ။ database တင်ဆက်မှုကအရမ်းကိုကောင်းတာပဲ။
အပြုသဘောဆောင်သောဝေဖန်မှု ။ database တင်ဆက်မှုက .....ရန်အတွက်မွမ်းမံဖို့တော့လိုတယ်။

Praise: That sounds like a good idea.
Constructive criticismI’m not sure that idea would work because
ချီးကျူးခြင်း ။အဲဒီအကြံဥာဏ်ကကောင်းသားပဲ။
အပြုသဘောဆောင်သောဝေဖန်မှု ။အဲဒီအကြံဥာဏ်ကအလုပ်ဖြစ်ပါ့မလားဆိုတာသိပ်မသေချာဘူး။ အကြောင်းကတော့..

Praise: I love this application.
Constructive criticismI can see some difficulties with this application, it could be improved.
ချီးကျူးခြင်း ။ဒီလျှောက်လွှာကို ကျွန်တော် သဘောကျတယ်။
အပြုသဘောဆောင်သောဝေဖန်မှု ။ဒီလျှောက်လွှာနဲ့ ပတ်သက်လို့ အခက်အခဲတချို့ကို ကျွန်တော် တွေ့နေရတယ်။ ပိုကောင်းအောင် လုပ်လို့ရနိုင်သေးတယ်။

Praise: You are very well-trained in ABAP.
Constructive criticismHow about getting some training in ABAP?
ချီးကျူးခြင်း ။ခင်ဗျားက ABAP နဲ့ ပတ်သက်လို့ ကောင်းကောင်းလေ့ကျင့်ထားတာပဲ။
အပြုသဘောဆောင်သောဝေဖန်မှု ။ ABAP နဲ့ပတ်သက်လို့ သင်တန်းတက်ရမယ်ဆိုရင် ဘယ်လိုသဘောရလဲ?

Praise: The project was a great success.
Constructive criticismWhat do you think is the reason we had problems with this project? 
ချီးကျူးခြင်း ။စီမံကိန်းကတော်တော်ကြီးကိုအောင်မြင်ခဲ့တာပဲ။
အပြုသဘောဆောင်သောဝေဖန်မှု ။ဒီစီမံကိန်းမှာ ပြဿနာတွေရှိခဲ့တာဘာကြောင့်လို့ ခင်ဗျားထင်သလဲ။
အပေါ်မှာဖော်ပြထားတဲ့နည်းလမ်းတွေကိုသင်သုံးဖူးပါသလား။ လူတွေကိုစိတ်အနှောက်အယှက်မဖြစ်စေဘဲ ဝေဖန်တဲ့အခြားနည်းလမ်းတွေကို သိပါလား။ သိရင်အောက်မှာမှတ်ချက်ရေးပြီးအခြားအသင်းဝင်တွေကို မျှဝေပေးခဲ့ပါအုံး။

Lifehack.org မှ TejvanPettinger ၏ How to Criticise People without Causing Offence နှင့် targettraining.eu မှ Beth Hampel ၏ Giving Constructive Criticism: Phrases and Tips တို့ကိုကိုးကားဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကိုအောက်ပါ link များတွင် ဖတ်ရှုနိုင်ပါတယ်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်