သင်က ဖန်ခွက်တစ်ဝက်ပြည့် လူစားမျိုးလား


သင်က ဖန်ခွက်တစ်ဝက်ပြည့် လူစားမျိုးလား (နေ့စဉ်သုံး idioms စကားလုံးများ)
စာဖတ်သူတစ်ဦးက မကြာသေးမီက နေ့စဉ်သုံးအင်္ဂလိပ်စာမှာ သုံးတဲ့ idioms (အထာနှင့်ပြောသောစကားလုံးများ) အကြောင်း ရေးသားပေးရန် တောင်းဆိုလာပါတယ်။ ဒါကတော့ တောင်းဆိုသင့်တဲ့အရာ တစ်ခုလို့ ထင်မြင်ရပါတယ်။ တကယ်တန်းဆိုလျှင် idioms (အင်္ဂလိပ်အထာစကားလုံးများ)ထဲမှ အုပ်စုတစ်စုလောက်ကို ကြိုးစားလေ့လာကြည့်တော့မယ်ဆိုရင် သင်ဟာ အဲ့ဒီစကားလုံး တွေကို အသုံးဝင်သောစကားလုံးတွေ ဖြစ်နေစေချင်မှာဘဲ။ ဤသို့ဆိုရင် မေးစရာက ဘယ်အထာစကားတွေ အကြောင်းရေးမယ်လို့ ဆုံးဖြတ်မလဲပေါ့။ အင်္ဂလိပ်ဘာသာစကားမှာ အလွန်များပြားတဲ့ အထာစကားလုံးတွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီထဲက အချို့ဟာ မသုံးသလောက်နီးပါး အသုံးနည်းပါတယ်။ နောက်ဆုံးမှာ ကျွန်ုပ်ဟာ တစ်ပတ်စာလောက် အထာသုံးစကားလုံးများအတွက် နေ့စဉ်မှတ်တမ်းဒိုင်ယာရီ ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့ စကားပြောတဲ့အခါမှာ လူတွေသုံးထားကြတဲ့ အထာစကားလုံးတွေကို လိုက်မှတ်ထားလိုက်ပါတယ်။ အဲ့ဒီလိုမှတ်ထားတဲ့ အထာစကားလုံးအုပ်စုထဲ ကမှ လက်ရှိ contemporary (ခေတ်ပေါ်သုံး) စကားပြော အင်္ဂလိပ်စာမှာ အသုံးများတဲ့ စကားလုံးအနည်းငယ်ကို ကျွန်ုပ်ရွေး ချယ်ပြီး ဒီမှာ တင်ဆက်လိုက်ရပါတယ်။



Opening up a can of worms
ဒီတစ်ပတ်အစောပိုင်းတုန်းက ရေဒီယိုတင်ဆက်သူတစ်ဦးက သူရဲ့အလုပ်လက်တွဲ ဖော်ကို သူမဟာ opening up a can of worms (တိုက်ရိုက်ပြန် - တီကောင်တွေပါတဲ့ သံဗူးဖွင့်နေပြီ။) လို့ပြောလိုက် ပါတယ်။ သူမတကယ်ဆိုလိုတာက လူတွေအများကြီး သဘောမတူဖြစ်ကြမယ့်ကိစ္စမျိုးကို ဆိုလိုတာပါ။ A can of worms (တိုက်ရိုက်ပြန် - တီကောင်သံဗူးတစ်ဗူး) ဆိုတာကတော့ ရင်းနှီးသူချင်းသုံးသော အသုံးအနှုန်းမျိုးဖြစ်ပြီး၊ အခြေအနေ သို့မဟုတ် အကြောင်းအရာ တစ်ခုခုဟာ သူ့ကို စတင်ကိုင်တွယ်မယ် သို့မဟုတ် ဆွေးနွေးမယ်ဆိုလျှင် ပြဿနာများစွာ သို့မဟုတ် ငြင်းခုံမှုများစွာ ဖြစ်စေနိုင်တဲ့ ကိစ္စမျိုးကို ဆိုလိုပါတယ်။ ဤစကားလုံးတွဲတွင် ကြိယာ open (up) လှန်ဖွင့်လိုက်သည်ကို မကြာခဏ အသုံးပြုပါသည်။ ၎င်းတင်ဆက်သူကပင် နောက်ပိုင်းတွင် သူ ထင်သည်ကို သူ တကယ်ပြောချင်သော်လည်း bit his tongue (လျှာကို ကိုက်ထားရသည်။) ဟု ပြောပါသည်။ bite your tongue (သင့်လျှာကို ကိုက်သည်။) ဆိုသည်မှာ တစ်စုံတစ်ယောက်အား စိတ်အနှောင့်အယှက် သို့မဟုတ် ဒေါသထွက်စေမည့် တစ်စုံတစ်ခုကို ပြောချင်သော်လည်း ကိုယ့်ဘာသာကိုယ် ထိန်းထားရသည်ဟု ဆိုလိုပါသည်။


A glass-half-full person

သူငယ်ချင်းတစ်ယောက်က သူမ၏ယောက်ျားဟာ a glass-half-full person (ဖန်ခွက်တစ်ဝက်ပြည့် လူစား)လို့ ပြောလိုက်ပါတယ်။ ဒီအထာစကားလုံးကို (သူ့ကို ပြောင်းသုံးပုံအမျိုးမျိုး ရှိပါတယ်။) မကြာခဏကြားလေ့ရှိပြီး a cliché (အသုံးများလွန်း၍ ရိုးအီသွားပြီး၊ စိတ်ဝင်စားစရာမကောင်းတော့သော အထာစကား) အဆင့်တောင်ရောက်သွားပါပြီ။ ဆိုတာက a glass-half-full person (ဖန်ခွက်တစ်ဝက်ပြည့် လူစား) ဆိုတာက an optimist အကောင်းမြင်ဝါဒသမား၊ ကောင်းတဲ့အရာတွေဘဲ ဖြစ်လာလိမ့် မယ်လို့ အမြဲတမ်းထင်နေတတ်တဲ့ လူစားမျိုးဖြစ်ပါတယ်။ အဲ့ဒီလိုဘဲ တစ်ဖက်မှာ သင်လည်း စဉ်းစားကြည့်လိုက်နိုင်သလို a glass-half-empty person (ဖန်ခွက်တစ်ဝက်လွတ်လူစား) ကတော့ a pessimist မကောင်းမြင်ဝါဒသမားပါ။ သူက မကောင်းတဲ့အရာတွေဘဲ ဖြစ်ပေါ်လာလိမ့်မယ်လို့ အမြဲတမ်းတွေးခေါ်နေသူမျိုးပါ။ (ဒီနေရာမှာ စဉ်းစားပုံက လူနှစ်ယောက်က ဖန်ခွက်တစ်ခုတည်းကို ကြည့်ပြီး၊ လုံးဝမတူညီတဲ့အရာတွေ မြင်နိုင်တယ်ဆိုတာပါဘဲ။ အကောင်းမြင်ဝါဒသမားက အဲ့ဒီမှာရှိသေးတဲ့ သောက်စရာကိုသာမြင်ပြီး၊ မကောင်းမြင်ဝါဒသမားက ကုန်သွားတဲ့အရာကိုသာ မြင်ပါတယ်။) အဲ့ဒီအတွေးအခေါ်လိုမျိုးကို ဖော်ပြဖို့အတွက် လူတွေက တစ်စုံတစ်ယောက်အကြောင်း ပြောဆိုတဲ့အခါမှာ သူ့ဖန်ခွက်က အမြဲတမ်းတစ်ဝက်ပြည့်နေ/ လွတ်နေ glass is always half full / empty လို့ ဖော်ပြလေ့ရှိကြပါတယ်။


Kill two birds with one stone

နောက်ထပ် သူငယ်ချင်းတစ်ယောက်ကျတော့ သူမရဲ့ အစီအစဉ်ချထားမှုအကြောင်းတွေ ပြောရာမှာ သူမကားကို ကားဝပ်ရှော့ တစ်ခုမှာ ထားခဲ့ပြီး၊ အဲ့ဒီဝပ်ရှော့နားမှာနေတဲ့ သူငယ်ချင်းဆီ ဝင်လည်ရင်း သူမငှားထားတဲ့စာအုပ်ကို ပြန်ပေးခြင်းအားဖြင့် Kill two birds with one stone (ငှက်နှစ်ကောင်ကို ခဲတစ်လုံးနှင့်ပစ်သတ်) မယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် Kill two birds with one stone ဆိုတာက တစ်ချိန်တည်းမှာ ကိစ္စနှစ်ခု ရရှိအောင်မြင်တာကို ပြောတာပါ။


See eye to eye

၎င်းနေ့မှာဘဲ ရထားပေါ်မှာ ကျွန်ုပ်နားမှာ ထိုင်နေသော အမျိုးသမီးတစ်ဦးက သူမ သူငယ်ချင်းကို ပြောပြပါတယ်။ သူမက သူမ၏ယောင်းမနဲ့ see eye to eye မဖြစ်ဘူးလို့။ See eye to eye ဆိုတာက တိုက်ရိုက်ဆိုလျှင် မျက်လုံးချင်းမဆိုင်ဘူးဟု အဓိပ္ပါယ်ဖြစ်သော်လည်း အကယ်၍ သင်က တစ်စုံတစ်ယောက်နှင့် see eye to eye မဖြစ်ဘူးဆိုလျှင် သင်တို့ဟာ သဘောထားအမြင် မတူကြဘူး ဟု ဆိုလိုတာပါ။ သူမက ဆက်လက်ပြီး၊ သူမရဲ့ brother (မွေးချင်းယောက်ျားလေး) နှင့် ပတ်သက်ပြီး၊ မကျေနပ်ချက် တွေကို ပြောဆိုပါတယ်။ သူမဟာ was ‘tired of waiting for him to get his act together’ သူ့ကို get his act together လုပ်ဖို့စောင့်နေရတာ စိတ်ကုန်လာပြီဟု ပြောပါတယ်။ အကယ်၍ သင် က get your act together (ရင်းနှီးသူချင်းသုံးသော အသုံးအနှုန်း) လုပ်တယ်ဆိုလျှင် သင်ဟာ ကိစ္စဝိစ္စတွေကို စနစ်တကျနဲ့ ထိထိရောက်ရောက် စတင် လုပ်ကိုင်နေပြီဟု အဓိပ္ပါယ်ရပါတယ်။ ဤအထာစကားလုံးကတော့ အလုပ်တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ရည်ညွှန်း၍ သုံးနိုင်ပါတယ်။


Bite off more than you can chew

တစ်ပတ်ကုန်ခါနီးတွင် ကျွန်ုပ်၏ ညီမက သူမဟာ အလုပ်ထဲက စီမံကိန်းတစ်ခုမှာ (had bitten off more than she could chew) (သူမ ၀ါးနိုင် သည်ထက် ပို၍ ကိုက်လိုက်မိ) ဟု သတင်းပို့လာပါတယ်။ bite off more than you can chew ဆိုတာကတော့ "သင့် အတွက် ခက်ခဲလွန်း သို့မဟုတ် လုပ်စရာများလွန်းသော တစ်စုံတစ်ခုကို လုပ်ရန် ကြိုးစားသည်" ဟု အဓိပ္ပါယ်ရပါသည်။ ဒီအထာစကားက ကျွန်ုပ်ကို ကျွန်ုပ်ရဲ့ အစာမက်တဲ့ အသက်ရှစ်နှစ်အရွယ်သားငယ်ကို ကျွန်ုပ်မကြာခဏပြောလေ့ရှိတဲ့ဟာ ကို ပြန်အမှတ်ရစေပါတယ်။ Your eyes are bigger than your stomach! (တိုက်ရိုက် - မင်းရဲ့ မျက်လုံးတွေက မင်းအစာအိမ်ထက် ကြီးနေတယ်။) သူကို ဘယ်လိုလူမျိုးကို ပြောသလဲဆိုတော့ သူတို့ ပန်းကန်ပေါ် အစာအစာတွေ များစွာယူတင်ထားပြီး လုံးဝ မစားနိုင်တဲ့လူစားမျိုးကို ပြောတာပါဘဲ။

Dictionaryblog.cambridge.org မှ Kate Woodford​​ ၏ Are you a glass-half-full person? (Everyday Idioms) ကို ကိုးကာဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်