Posts

2. Article (၃)

Image
2. Article (3) 2.Non without “ The” (1) တစ်ဦးဆိုင်နာမ် (Proper Noun) များ၊ စိတ္တဇနာမ် (Abstract Noun) များနှင့် ရေတွက်မရသည့်နာမ် (Uncountable Noun) များ၏ ရှေ့တွင် “ The ” မသုံးရပါ။ Eg: Kaung Zayar Linn, Myanmar, Courage, Wisdom, Milk, etc … *** နိုင်ငံသည် ကျယ်ဝန်းပြီး အများကိန်းနှင့်နိုင်ငံများဖြစ်လျှင်၊ တိုင်းပြည်အမည် ဒေသအမည်များတွင် (Republic) သမ္မတနိုင်ငံ၊ (Kingdom) ဘုရင့်နိုင်ငံ၊ (States) ပြည်နယ်များ၊ (Union, United) ပြည်ထောင်စု စသည်ဖြင့်ပါလျှင် “ The ” ထည့်သုံးသည်။

Stop and Start

Image
Stop and Start Stop! I can't do it. Start! I can do it. Today is better than yesterday! Htoo Aung Wint

တရားဆိုတာ ကျင့်သုံးဖို့

Image
တရားဆိုတာ ကျင့်သုံးဖို့ အိုမင်းမစွမ်းချိန်၊ စိတ်နွမ်းကိုယ်နွမ်း ရှိချိန်တွင် တစ်ခုတည်းသော အားကိုးရာမှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် တရားတော်များအတိုင်း လိုက်နာကျင့်သုံးခြင်းပင် ဖြစ်လေသည်။ ထူးအောင်ဝင့်  

ကျန်းမာပျော်ရွှင်ပါစေ

Image
ကျန်းမာပျော်ရွှင်ပါစေ   ကျွန်တော် အောင်မြင်ပျော်ရွှင်ချင်တယ်။ ဘဝမှာ လုပ်ကို လုပ်ရမယ့် အလုပ်တွေ ရှိသေးတယ်။ လုပ်သင့်တာတွေလည်း ရှိတယ်။ နောက်ပြီး လုပ်ချင်တဲ့ အရာတွေလည်း စိတ်ပျော်ကိုယ်ပျော် လုပ်နိုင်ဖို့ လိုသေးတယ်။ အဲဒီအတွက် အရေးကြီးဆုံးဆိုပေမယ့် အရေးမကြီးဘူးထင်ပြီး လစ်လျူရှုမိတဲ့ အရာတစ်ခုရှိတယ်။ အဲဒါ ကျန်းမာရေးပဲ။ ကျွန်တော့် မိတ်ဆွေသူငယ်ချင်းတွေလည်း ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်။ ဒီနေ့ကစပြီး ကျန်းမာရေးကောင်းစေမယ့် အပြုအမူတွေကို ရင်းနှီးမြှုပ်နှံမှုတစ်ခုလို သဘောထားပြီး နည်းနည်းချင်း လုပ်သွားစေချင်ပါတယ်။ ဥပမာ - ဆေးလိပ်သောက်တတ်ရင် မဖြတ်နိုင်တောင် တစ်လိပ်လောက် လျှော့သောက်တာမျိုးပေါ့။ (အရက်သောက်တတ်တဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ သုံးလလောက် မသောက်ဘဲ အဓိဌာန်ထားတာ ဟိုတစ်နေ့က အောင်မြင်သွားပါတယ်။ အခု ဆက်လုပ်နေပါတယ်။) အောင်မြင်ပျော်ရွှင်နေတဲ့ မိတ်ဆွေတွေ၊ အောင်မြင်ချမ်းသာလာမယ့် သူငယ်ချင်းတွေကို ကျန်းမာရွှင်လန်းစွာ ရှိနေတာကို မြင်ချင်ကြားချင်ပါတယ်။ ကျွန်တော်လည်း ကျန်းမာရေးကို ဂရုစိုက်ပါမယ်။ သူငယ်ချင်း မိတ်ဆွေတို့လည်း ကျန်းမာရေးကို ဂရုစိုက်ပါ။ ကမ္ဘာကြီးပေါ်မှာ ကောင်းမြတ်တာတွေကို လက်ကမ...

ဗီဇနှင့် ပတ်ဝန်းကျင်(၁)

Image
ဗီဇနှင့် ပတ်ဝန်းကျင်(၁)             ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦးနှင့် ပတ်သက်ပြီး အမေနှင့် မလေးတို့ မကြာခဏဆိုသလို စကားနိုင်လုလေ့ ရှိကြသည်။ လူတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့က ဗီဇကောင်းဖို့လိုသည်၊ မျိုးစေ့မှန်မှ အပင်သန်မည်၊ မျိုးစေ့မမှန်လျှင် ပင်မသန်ဟု မလေးက ခံယူသည်။ အမေကတော့ ထိုသို့မဟုတ်။ ပတ်ဝန်းကျင် သို့မဟုတ် ထိန်းကျောင်းအုပ်ချုပ်သူကောင်းလျှင် အပင်သန်ပြီး လူတစ်လုံး သူတစ်လုံးဖြစ်မည်ဟု ခံယူသည်။ နှစ်ယောက်စလုံး ဘယ်တော့မှ မပြီးနိုင်သော အဖြေပုစ္ဆာတစ်ခုကို အဖြေထုတ်နေကြခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင်လည်း သည်အတိုင်းပင် အငြင်းအခုန်တွေ ယခင်ကလည်း ရှိနေခဲ့ပြီး ယခုထိလည်း ငြင်းခုန်နေကြဆဲဖြစ်သည်။ ကျွန်တော်ရော ကိုတင်ထွန်းပါ အဖေရော အမေပါ ပညာတတ်မိသားစုတွေက ပေါက်ဖွားလာသူတွေ ဖြစ်သော်လည်း အခြေအနေအရပ်ရပ်အရ မိဘအရင်းနှင့် မနေရဘဲ မွေးစားမိဘများနှင့် နေထိုင်ခဲ့ကြရသည်။ မွေးစားမိဘတွေကိုယ်နှိုက်ကလည်း သားအရင်းတွေလို တုန်နေအောင် ချစ်ခဲ့ကြသည်။ သို့သော် ကြီးပြင်းလာရပုံချင်းကတော့ မတူပါပေ။ ပြီးတော့ ကြီးပြင်းလာခဲ့ရသည့် ပတ်ဝန်းကျင်ချင်းကလည်း မတူပါချေ။ ထို့...

ဆက်ဆံရေးပြေပြစ်ပါစေ

Image
ဆက်ဆံရေးပြေပြစ်ပါစေ   ခင်ဗျားဝန်းကျင်က လူတွေနဲ့ ဆက်ဆံရေး အဆင်ပြေရဲ့လား။ ဘဝဆိုတာ အချိန်ပြည့် နာကျင်နေဖို့ မလိုသလို အမြဲတမ်းစိတ်တိုဒေါသထွက်နေရရင်လည်း နေပျော်တဲ့ဘဝ မဟုတ်တာတော့ သေချာပါတယ်။ အနည်းဆုံးတော့ မိဘဆွေမျိုးတွေနဲ့ အဆင်ပြေနေစေချင်ပါတယ်။ အားလုံးနဲ့ အဆင်ပြေနေတယ်ဆိုရင်တော့ ခင်ဗျားဟာ အောင်မြင်နေသူ တစ်ယောက်ဆိုတာ သတိပြုမိပါစေ။ အားလုံးနဲ့ အဆင်ပြေအောင် နေနေရတယ်ဆိုရင်လည်း ခင်ဗျားရဲ့ လက်ရှိအခြေအနေကို နားလည်နိုင်ပါစေ။ ပျော်ရွှင်ခြင်းဟာ ခင်ဗျားကိုပဲ ဗဟိုပြုတယ်ဆိုပေမယ့် ဆက်ဆံရေးကောင်းတဲ့သူတွေမှာ ပျော်ရွှင်ခြင်းဟာ ကြာကြာနေလေ့ ရှိပါတယ်။   ထူးအောင်ဝင့် (၁၇.၅.၂၀၂၂)

ဘဝတန်ဖိုး

Image
ဘဝတန်ဖိုး                လောကကြီးထဲ ရှင်သန်တဲ့အခါ ကိုယ်က သူ့ကို ရွေးချယ်တာ မဟုတ်ဘဲ ကိုယ့်ကို သူက ရွေးချယ်သွားတဲ့ အခါတွေလည်း ရှိတယ်။ ရယ်စရာလည်း ကြုံရသလို ငိုစရာလည်း ကြုံရနိုင်တာပဲ။ ရယ်စရာရှိရင် ရယ်လိုက်၊ ငိုစရာရှိရင် ငိုလိုက်။ ပြီးရင်တော့ နေ့သစ်တွေမှာ မင်းအတွက်ပဲဖြစ်ဖြစ်၊ အများအတွက်ပဲဖြစ်ဖြစ် ဆက်ရှင်သန်ပါ။ အဲဒါ ဘဝပါပဲ။ အဆုံးသတ်မှာ မီးခိုးတွေ၊ ပြာတွေ၊ ဖုန်မှုန့်တွေ၊ မြေစာတွေ ဆိုပေမယ့် တန်ဖိုးကတော့ ရှင်သန်တုန်းမှာ တခြားသူအတွက် မင်းဘာတွေ လုပ်ပေးခဲ့သလဲ။ အဲဒါ ဘဝတန်ဖိုးပါပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ ဘဝလေးတွေကို တန်ဖိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းကြရအောင်လား။   ထူးအောင်ဝင့် (၁၈.၅.၂၀၂၂)