4. Verb (ကြိယာ) (၂)

4. Verb (ကြိယာ) (၂)

Types of Verbs

          Verb ကို အသေးစိတ်ထပ်မံခွဲခြားမည်ဆိုလျှင် အမျိုးအစား (၅)မျိုးရသည်။ ၎င်းတို့မှာ

(1) Action Verbs

(2) State Verbs

(3) Helping Verbs (Auxiliary Verbs)

(4) Modal Verbs

(5) Regular and Irregular Verbs

(6) Transitive and Intransitive Verbs တို့ ဖြစ်သည်။

(1)Action Verb

Action Verb သည် ပြုမူလှုပ်ရှားပုံကို ဖော်ပြသည့် ကြိယာဖြစ်သည်။

Eg: cook, run, write, walk, sit, stand, buy, sell, etc ...

Action Verb ကို နှစ်မျိုးထပ်မံခွဲခြားနိုင်သည်။ ၎င်းတို့မှာ

(a)  Physical Verb (ကာယလုပ်ဆောင်မှု)

Eg: cook, run, write, walk, sit, stand, buy, sell, etc ...

(b)  Mental Verb (စိတ်ရဲ့လုပ်ဆောင်မှု)

Eg: happiness, sorrow, angry, thinking, laziness, etc …

(2) State Verbs

            State Verbs သည် ဖြစ်တည်မှု အခြေအနေကို ဖော်ပြသည့် ကြိယာဖြစ်သည်။

Eg: Myanmar is a Country.

I am a student.

*** Action Verb များတွင်သာ (V-ing) သုံးသည်။ State Verb များတွင် အများအားဖြင့် (V-ing) မသုံးပါ။

ထူးအောင်ဝင့်

ပြီးခဲ့သည့်အပိုင်း ဖတ်ရှုရန်

https://www.facebook.com/authorhtooaungwint/photos/a.4972210632829464/4982422728474921

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်