သင့်ဘဝက သင့်အိပ်မက်ပေါ်မူတည်တယ်

သင့်ဘဝက သင့်အိပ်မက်ပေါ်မူတည်တယ်

        ကလေးတွေ စိတ်ကူးယဉ်သည့်အခါ စိတ်ကူးထားသည့်အတိုင်း ဖြစ်လာနိုင်မှုသည် မည်သည့်အတားအဆီးမှမရှိ။ ထို့ကြောင့် အကန့်အသတ်မရှိ စိတ်ကူးယဉ်ကြသည်။ ငယ်စဉ်ဘဝတွင် ပါဝါရိန်းဂျားများ ဖြစ်သည်၊ အတော်ဆုံး ဘော်လုံးသမား ဖြစ်သည်၊ အမြန်ဆုံးသော အပြေးသမားများ ဖြစ်သည်။

        လူကြီးဘဝတွင် စိတ်ကူးယဉ်သည့်အခါ စိတ်ကူးထားသည့်အတိုင်း ဖြစ်လာနိုင်မှုသည် အတားအဆီးများစွာ ဖြစ်သည်။ ထို့ကြောင့် အကန့်အသတ်ဖြင့်သာ စိတ်ကူးယဉ်ကြတော့သည်။ ကလေးဘဝတုန်းကလို ယုတ္တိမတန်တာတွေ စိတ်ကူးမယဉ်တော့ဘဲ ဖြစ်နိုင်စွမ်းအောက်သာ စိတ်ကူးယဉ်ကြတော့သည်။
        ဝန်ထမ်းတစ်ယောက်ကလည်း လစာလေးမှန်မှန်ရနေလျှင် တော်ပြီဖြစ်ကုန်သည်။ မန်နေဂျာတစ်ယောက်ကလည်း ငါ အလုပ်မပြုတ်ရင် တော်ပြီဖြစ်လာသည်။ ပန်းတိုင်နိမ့်ကျသည့်အခါ ရလဒ်လည်း လျော့လာသည်။ အမှန်တော့ မြင့်မြင့်မားမား စိတ်ကူးယဉ်သင့်သည်။ လိုအပ်သည်မှာ ပေးဆပ်မှုဖြစ်သည်။ ကိုယ်လိုချင်သည့် ပန်းတိုင်ရောက်ရန် မည်မျှပေးဆပ်မည်၊ အားထုတ်မည်ဆိုသည့် စိတ်သာ ဖြစ်သည်။
        ကလေးများ၏ စိတ်ကူးယဉ်မှုသည် လက်တွေ့အားထုတ်မှုမပါသဖြင့် စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်သည်။ လူကြီးများ၏ စိတ်ကူးယဉ်မှုသည် လက်တွေ့ကြိုးစားအားထုတ်မှုနှင့် ပေါင်းစပ်သဖြင့် အိပ်မက်ဖြစ်သည်။ ထိုအိပ်မက်သည် အမှန်တကယ်ဖြစ်လာနိုင်သည့် အိပ်မက်ဖြစ်သည်။ အချိန်ကာလတစ်ခုနှင့် ကြိုးစားအားထုတ်မှုတို့ ပေါင်းစပ်ထားသည့် စိတ်ကူးအိပ်မက်ဖြစ်သဖြင့် နောက်မဆုတ်သမျှကာလပတ်လုံး တစ်နေ့နေ့ သင်ပိုင်ဆိုင်ရမည့် ဘဝတစ်ခု ဖြစ်ပါသည်။

ထူးအောင်ဝင့်
(၁၁.၁.၂၀၂၂)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်